ကမ္ဘာကို ကိုင်လှုပ်စေသော အနမ်း
ကမ္ဘာကို ကိုင်လှုပ်စေခဲ့သော အနမ်း
=====================================
ကမ္ဘာပေါ်တွင် အနမ်းပေါင်းများစွာရှိပါတယ်။ မထူး ဆန်းပါ။ ထူးဆန်းတာကတော့ အနမ်းခံရသူဟာ ဘယ်လို လူမျိုးလဲ အနမ်းပေးသူဟာ ဘယ်လိုလူပုဂ္ဂိုလ်လဲ ဒါက ပိုအရေးကြီးပါတယ်။အနမ်းတိုင်းဟာ ကမ္ဘာမကျော်ခဲ့သလို အနမ်းတိုင်းကို လူတွေအားလုံး စိတ်မဝင်စားခဲ့ပါဘူး။ ကျွန်မတို့သိတဲ့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့တွေ့ချင်း နှုတ်ဆက်အနမ်းဟာ ကမ္ဘာကျော်သွားစေခဲ့ပါတယ်။ ဘာ ဖြစ်လို့ပါလဲ။
အမေရိကန် သမ္မတ အိုဘားမားရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ အဓိက ကတော့ ပြည်သူတွေ နှစ်သက်လွန်းလို့ ပြည်သူက ရွေး ချယ်တင်မြှောက်ထားခံရတဲ့ ပြည်သူချစ် သမ္မတတစ် ယောက်ပါ။ ပြည်သူက ဘာလို့ အိုဘားမားကို နှစ်သက်ခဲ့ သလဲဆိုရင် ပြည်သူလူထုရဲ့ မျက်ရည်ဟာ သူ့ရဲ့ မျက်ရည် ဖြစ်နေလို့ပါ။ အမေရိကန်နိုင်ငံသားတွေရဲ့ အိပ်မက်တွေ ကို အမှန်တကယ် အကောင်အထည်ဖော်ပေးနိုင်တဲ့အပြင် အီရတ်နိုင်ငံက စစ်ပွဲတွေ အဆုံးသတ်သွားအောင် အီရန် နိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ၊ အမေရိကန်ရဲ့ စီးပွား ရေး အလုပ်လက်မဲ့ဖြစ်မှုတွေ လျှော့ချပေးနိုင်ခဲ့တယ်။ သူ့ပြည် တွင်းမှာ ချမ်းသြာ<ွကယ်ဝစေဖို့ ခေတ်မီဖွံ့ဖြိုးတိုး တက်ဖို့ အနာ ဂတ်စွမ်းအင်သစ်တွေ တည်ဆောက်ဖို့ ဘဏ္ဍာရေးစိန်ခေါ် မှုနှင့်အတူ အနာဂတ်လူမည်းကလေး တွေရဲ့ ဘဝနဲ့အခြား ကလေးတွေရဲ့ဘဝကို အစွမ်းကုန် မြှင့်တင်ပေးခဲ့တယ်။ ကလေးတွေရဲ့ဘဝကို အမှန်အတိုင်း သိမြင်ဖို့ ဒါဂိုဒါ မြောက်ပိုင်းထိ ခရီးဆန်ခဲ့ပြီး ပျက်စီးဆင်း ရဲနေတဲ့ ကလေးတွေရဲ့ဘဝကို ကယ်တင်ပေးခဲ့တယ်။ ကလေးတွေရဲ့ဘဝနဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ ဆင်းရဲသားကလေးတွေကို အိမ် ဖြူတော်ကို အလည်ဖိတ်ခေါ်ပြီး ကျွေးမွေးခဲ့တယ်။ တစ် ရက်တာ သမ္မတတစ်ဦးရဲ့ ဖိတ်ခေါ်မှုကြောင့် လာရောက် လည်ပတ်ခွင့်ရတာကို မယုံနိုင်အောင်ဖြစ်နေကြတယ်။ အိမ်ဖြူတော်က သမ္မတကတော်နဲ့ ဝန်ထမ်းတွေအားလုံး က ကလေးတွေကို အရေးပေးဆက်ဆံကြတယ်။ ပြန်ခါ နီးမှာ ကလေးလေးတစ်ယောက်က အိုဘားမားကို ပွေ့ဖက် နှုတ်ဆက်ရင်း ''သမ္မတကြီးရယ် ဒီခရီးစဉ်ဟာ သမ္မတကြီး က ကျွန်မအသက်ကို ကယ်တင်ပေးလိုက်တာပါ''လို့ မျက် ရည်တွေကျရင်း အသံတုန်တုန်နဲ့ ပြောခဲ့တယ်။ အိုဘား မားနဲ့ အိုဘားမားကတော်နှစ်ယောက်လုံး စိတ်ထိခိုက်သွား ကြတယ်။ သမ္မတဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးမြှင့်တင်ပေးခဲ့တယ်။ ကိုယ့်အတွက်က ဒီလို လုပ်ပေးလိုက်ရတာဟာ ဘာမှ မကြီးကျယ်မခမ်းနားပေ မယ့် ကလေးတွေအတွက်ကတော့ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ပြောင်းလဲမှုပါ။ ဒီကလေးလေးက သူ့ကိုယ်သူတောင်သတ် သေဖို့ သေကြောင်းကြံစည်ထားသူလေ။ ခုတော့ သမ္မတရဲ့ နောက်တစ်ခေါက် ဖိတ်ခေါ်မှုကို မျှော်လင့်ရင်းဝမ်းသာ မျက်ရည်ကျရင်း ရှင်သန်နေနိုင်ခဲ့ပြီ။ အနာဂတ်ကလေး တွေရဲ့ အိပ်မက်ကို အမေရိကန်သမ္မတ ဘားရက်အိုဘား မားဟာ လျစ်လျူမရှုပဲ ရှင်သန်စေခဲ့တယ်။
အိုဘားမားရဲ့ နောက်က ကောင်းသောအရာတွေ ကို ဆောင်ကြဉ်းပေးနိုင်တဲ့သူကတော့ နိုင်ငံခြားရေးဝန် ကြီး ဟီလာရီ ကလင်တန်ပဲဖြစ်ပါတယ်။ နောက်ထပ် သမ္မတကတော်ဖြစ်ပြီး မာနကင်းမဲ့စွာနဲ့ အကောင်းဆုံး လက်တွဲဖော်ကတော့ မီရှဲလ်အိုဘားမားဖြစ်ပါတယ်။
မိမိကိုယ်မိမိ နှိမ့်ချသူဖြစ်ပြီး ငါ့နေရာ အရင်က တစ် ယောက်ရခဲ့ဖူးပြီ။ ငါလည်းရနေခဲ့ပြီ။ ငါလုပ်နိုင်တာက တော့ ဒီနေရာကို ဆက်ခံမယ့်သူအတွက် လုပ်နိုင်တာ လုပ် ပေးဖို့ပါပဲ။(အရိုးသားဆုံးနဲ့ အလှပဆုံးစကားတစ်ခွန်းကို မီရှဲလ်အိုဘားမားက ပြောခဲ့တယ်။) လူတန်းစားမခွဲခြား၊ အသားရောင်မခွဲခြား၊ ဘာသာ လူမျိုးမခွဲခြားဘဲ ဒီမိုက ရေစီစိတ်ဓာတ်အစစ်နဲ့ သူမ၏ ပင်ကိုသဘာဝ ကျက်သရေ အတိုင်းနေပြီး ဂုဏ်နဲ့နေရာကို မက်မောသူ မဟုတ်ဆို တာကို ဇနီးမောင်နှံနှစ်ယောက်လုံး သက်သေပြနိုင်၍ လူထုက ချစ်ခင်ကြပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ သမိုင်းမျိုးရိုး ကောင်းမွန်သူဖြစ်ပြီး အကျဉ်းသားတစ်ဦးမဟုတ်တော့ဘဲ ထိလွယ်ရှလွယ်သော နိုင်ငံရေးပတ်ဝန်းကျင်တွင် ဆုံးဖြတ်ချက်များစွာကို ကိုင် ဆောင်ထားနိုင်သည့် နိုင်ငံရေးအထင်ကရ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဖိနှိပ်မှုများကို တော်လှန်အနိုင်ယူရဲသည့် စိတ် ဓာတ်၊ သတ္တိ၊ လူထုဘက်ကရပ်တည်ပြီး ဇွဲ၊ စိတ်ဓာတ် ပြင်းထန်မှုတို့ကို အခြားနိုင်ငံက ကမ္ဘာကျော်ခေါင်းဆောင် များက လေးစားချီးကျူးခဲ့ကြတယ်။ ဒါ့အပြင် အမျိုးသမီး တစ်ဦး၏ သည်းခံနိုင်မှုစွမ်းရည်နှင့် အန္တရာယ်များစွာ အတိုက်အခိုက်တွေကို ရအောင် ခုခံတွန်းလှန်နေတဲ့ အာ ဇာနည်စိတ်ဓာတ်က အမေရိကန်သမ္မတ အိုဘားမားရဲ့စိတ် ထဲရင်ထဲ စွဲမြဲပြီးသားဖြစ်ပါတယ်။ ဒါကြောင့် သူ့ရင်ထဲ မှာ သူ့ရဲ့ စံပြသူရဲကောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ဆရာတစ်ဦးလို သဘောထားခဲ့ပါတယ်။
အမေရိကန်သမ္မတ မြန်မာနိုင်ငံကို လာမယ်ဆို တော့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ စာ နှစ်စောင်ပို့ခဲ့ပါတယ်လို့ ဖတ်ရပါတယ်။သမ္မတ ဦးသိန်းစိန် ထံရေးစာကတော့ ပုံမှန် နှုတ်ဆက်စာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ထံပို့စာကတော့ ဒီမိုကရေစီရဲ့ ခေါင်းဆောင်အပေါ် စံပြသူရဲကောင်းအဖြစ် လေးစား စိတ်၊ ရင်းနှီးစိတ်၊ တန်ဖိုးထား အားပေးထောက်ခံစိတ် အပြည့်နဲ့ ရေးခဲ့တာပါ။
အမေရိကန်သမ္မတနဲ့ ဟီလာရီကလင်တန်တို့ဟာ သူတို့လို အရည်အချင်းရှိ စိတ်ဓာတ်တူညီပြီး အသိÓဏ် ကြီးမြတ်သော ကိုယ်ကျင့်သီလဖြောင့်မတ်မှန်ကန်တဲ့ ပြည် သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ် ခင်ပြီး ရင်ထဲမှာ သိမ်းဆည်းထားခဲ့တာ ကြာခဲ့ပါပြီ။
နိုင်ငံခေါင်းဆောင်အပေါ် လေးစားစိတ်၊ ချစ်ခင် စိတ်နဲ့ တန်ဖိုးထားနှစ်သိမ့်ပေးမှု၊ ထောက်ခံအားပေးမှုတွေ နဲ့ လာရောက်ခဲ့တဲ့ အိုဘားမားဟာ ဒေါ်စုကို တွေ့တွေ့ ချင်း အနောက်နိုင်ငံ ယဉ်ကျေးမှုအရ ပွေ့ဖက်အနမ်းပေး ခဲ့ပါတယ်။ ဒီလို အားပေးဂုဏ်ပြုအနမ်းကို လူအများစုရှေ့ နိုင်ငံတကာ သတင်းထောက်ပေါင်းများစွာရှေ့မှာ ယဉ် ယဉ်ကျေးကျေးပြုလုပ်ခဲ့တာပါ။ ကမ္ဘာကျော်နှစ်ယောက်ရဲ့ မျက်နှာနဲ့ အနမ်းဟာ သန့်ရှင်းစင်ကြယ်လွန်းလို့ ကြည့်နေ ကြတဲ့ ပရိသတ်အပေါင်း ပီတိဖြစ်ရပါတယ်။
သမ္မတစိတ်ထဲမှာ ဘယ်သူ့ကိုတော့ အနမ်းပေးမယ်၊ ဘယ်သူ့ကိုတော့အနမ်းမပေးဘူး၊ မိန်းမဆို အနမ်းပေးမယ်၊ ယောက်ျားဆို မပေးဘူးဆိုပြီး လာခဲ့ပုံမပေါ်ပါဘူး။ အနမ်း တစ်ခုထက် များစွာအရေးကြီးတဲ့ ခေါင်းဆောင်အချင်း ချင်း ဆွေးနွေးညှိနှိုင်းပုံဖော်မှုတွေကသာ သူတို့အတွက် အရေးကြီးလုပ်ငန်းစဉ်တွေဖြစ်ခဲ့ပါတယ်။
သမ္မတ အိုဘားမား မြန်မာနိုင်ငံကို တစ်ခါခြေချတာ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အာရုံစိုက် စိတ်ဝင်စားခြင်းကို ခံရပါတယ်။ သမ္မတ အိုဘားမား မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်တွေ့ဆုံလိုက်တော့ အခြားနိုင်ငံက ခေါင်း ဆောင်တွေ ဒေါ်စုကို ပိုပြီး လေးစားတန်ဖိုးထားဂုဏ်ယူ လာကြတယ်။ အမေရိကန်သမ္မတကတောင် သေချာ သွားရောက်တွေ့ဆုံရတဲ့ ကမ္ဘာ့စာမျက်နှာမှာ မထင်မရှား မြန်မာလို့ နိုင်ငံစုံက မသိနိုင်တဲ့ မြန်မာနိုင်ငံ မြေပုံသေးသေး လေးကို သိလာကြတယ်။ အာရုံစိုက်လာကြတယ်။ ဒီမြန် မာပြည်သေးသေးလေးထဲက ချွန်မြ၊ ထက်မြက်တဲ့ သွေး ရဲရဲ ပန်းတစ်ပွင့်ကို ကမ္ဘာက အလေးမထားဘဲကို မနေနိုင် ဖြစ်ခဲ့ကြတယ်။
ခုဆိုရင် ကမ္ဘာ့နိုင်ငံရဲ့ အတော်ဆုံးခေါင်းဆောင်နံ ပါတ်(၆)စာရင်းဝင်ဟာ ကမ္ဘာမှာ စံပြဖြစ်နေခဲ့ပြီ။ ဘယ်လို ခေါင်းဆောင်မျိုးနဲ့ ယှဉ်ယှဉ် ခေါင်းမော့နေရတဲ့ ခေါင်း ဆောင်တစ်ဦး မြန်မာနိုင်ငံ သေးသေးလေးထဲမှာရှိတယ် ဆိုတာ ကမ္ဘာက ယုံကြည်ခဲ့တယ်။ ဒါကြောင့် အမေရိကန် သမ္မတလို လူမျိုးကတောင် သူ့ရင်ထဲက စံပြတစ်ယောက် ပါလို့ ဖွင့်ဆိုခဲ့တယ်။
ဒီလို ဂုဏ်သိက္ခာတွေ ပြည့်နှက်ပြီး စိတ်ဓာတ်ချင်း တူတဲ့ ကမ္ဘာကျော်နှစ်ဦးရဲ့ နှုတ်ဆက်အနမ်းပုံတွေဟာ ကမ္ဘာကျော်စေခဲ့ပါတယ်။
- ဒီအနမ်းကြောင့် မြန်မာနိုင်ငံက သယံဇာတတွေ ပေးလိုက်ရတာ ပျောက်ဆုံးသွားတာမရှိပါဘူး။
- ဒီအနမ်းကြောင့် မိမိနိုင်ငံက အမျိုးကောင်းသမီး တွေကို အိမ်ဖော်လုပ်ပေးဖို့ ကလေးမွေးပေးဖို့ ထည့်ပေး လိုက်ရတာမရှိပါဘူး။
- ဒီအနမ်းကြောင့် ပြည်သူလူထု ထိခိုက်၊ နစ်နာ၊ ပွန်းပဲ့၊ စုတ်ပြတ်သွားတာမရှိပါဘူး။
- ဒီအနမ်းကြောင့် တိုင်းပြည်နဲ့ လူမျိုး ပျက်စီးပြီး ဂုဏ်သိက္ခာညှိုးနွမ်းသွားတာ လုံးဝမရှိပါဘူး။
- ဒီအနမ်းကြည့်ပြီး မြန်မာ မိန်းကလေးတွေ လိုက် အတုခိုး ပျက်စီးသွားတာမျိုး မကြာဖူးပါဘူး။
- ဒီအနမ်းကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာငယ် ရပြီး ရိုင်းလိုက်တာ၊ ကြည့်မကောင်းဘူး၊ ဒီလို မနမ်းသင့် ဘူးလို့ ပြောတာလည်း မကြားဖူးပါဘူး။
တစ်ခုပဲရှိခဲ့တယ်...
အမေရိကန်သမ္မတနဲ့ ဟီလာရီကလင်တန်လာတုန်း က ဒေါ်စုကို နမ်းပြီး ပွေ့ဖက်နှုတ်ဆက်တဲ့ ဓာတ်ပုံတွေ က ကြည်နူး၊ ပီတိဖြစ်စရာ၊ ဂုဏ်ယူစရာကောင်းလွန်းလို့ တချို့အိမ်တွေရဲ့ဧည့်ခန်းမှာ ဓာတ်ပုံအကြီးကြီးတွေကို ဘောင်နဲ့ သေချာချိတ်ဆွဲထားတာကတော့ လက်တွေ့မြင် လာရတာပါပဲ။
ကမ္ဘာကျော် ပြည်သူချစ်တဲ့ သူတွေမို့ ချစ်လွန်းလို့ ကို ချိတ်ထားတာပါလို့ ပြောကြပါတယ်။ ကျွန်မသိသွား တာတစ်ခုကတော့ အနမ်းဆိုတာ ကိုယ်ပေးချင်တိုင်း ပေးမရသလို ကိုယ်က ခံယူချင်တိုင်းလည်း ခံယူလို့ မရပါ ဘူးဆိုတာပါပဲ။
ချောအိမာန်(မန္တလေး)
Comments
Post a Comment