ကိုရီးယားစစ်​ပွဲ
ကိုးရီးယားစစ်ပွဲ
~~~~~~~~
Korean war
~~~~~~~~
၁၉၄၈ ဇူလိုင်၁၇ ရက်နေ့
တောင်ကိုးရီးယားသမ္မတရွေးကောက်ပွဲမှာ ကွန်မြူနစ်ဆန့်ကျင်သူ ဆန်မန်ဟီး အနိုင်ရခဲ့တယ်။
မြောက်ကိုးရီးယားမှာလည်း ကွန်မြူနစ်စစ်စစ်ကြီး ကင်မ်အီဆွန်းပဲ ခေါင်းဆောင်လုပ်နေဆဲပါ။
၁၉၄၈ မှာ ဆိုဗီယက်တပ်တွေ မြောက်ကိုးရီးယားက ပြန်သလို ၁၉၄၉မှာ အမေရိကန်တပ်တွေတောင်ကိုးရီးယားကပြန်ပါတယ်။
ဆိုဗီယက်တွေပြန်တော့ စပယ်ရှယ်တပ်မတော်တစ်ခုအဖြစ်လေ့ကျင့်သားလက်နက်အင်အားပြည့်ဝနေတဲ့ မြောက်ကိုးရီးယားတပ်မတော် ကျန်ခဲ့တယ်။
အမေရိကန်တွေပြန်တော့ သာမန်တပ်မတော်တစ်ခုအနေနဲ့သာ တောင်ကိုးရီးယား တပ်မတော်ကျန်ခဲ့တယ်။
ဒီလိုအင်အားချိန်ခွင်လျှာ မမျှတဲ့အတွက် မြောက်ကိုးရီးယားခေါင်းဆောင်ကင်မ်အီဆွန်းက တောင်ကိုးရီးယားကို မျက်စောင်းထိုးလာခဲ့တယ်။တောင်ကိုးရီးယားအစိုးရရဲ့ ကွန်မြူနစ်တွေကို ပက်ပက်စက်စက်သတ်ဖြတ်ခဲ့မှု့ တွေဖြစ်တဲ့ ဘိုဒိုအဖွဲ့ရဲ့တဇောက်ကန်းလုပ်ရပ်တွေကိုလည်း မြောက်ကိုးရီးယားက တင်းနေခဲ့တယ်။အဲ့လိုနဲ့ ကိုးရီးယား၂နိုင်ငံပေါင်းစည်းရေးဟာ တိုက်ယူမှပဲ ရတော့မယ်ဆိုပြီး မြောက်ကိုးရီးယားက သုံးသပ်ယူဆခဲ့တယ်။
တောင်ကိုးရီးယားထဲမှာလည်း အဲ့အချိန်တုန်းက ကွန်မြူနစ်အမာခံပရိသတ်က မြောက်များစွာရှိနေခဲ့သလို စစ်ဖြစ်လာရင်လည်း ဆိုဗီယက်က ရှိနေသေးတယ်။၁၉၄၉ မတ်လ
ကင်မ်အီဆွန်းဟာ မော်စကိုသွားပြီး စတာလင်နဲ့တွေ့ဆုံခဲ့တယ်။ပထမတော့ စတာလင်က စစ်ဖြစ်လာရင် အမေရိကန်တွေပါလာမှာကိုမလိုလားတဲ့အတွက် ငြင်းလိုက်တယ်။သို့သော် စစ်ဖြစ်ဖို့အတွက် ကြမ္မာငင်နေပြီးဖြစ်တဲ့အတွက် စစ်ဖြစ်ပွားနိုင်မဲ့ အခြေနေတွေနဲ့နိုင်ငံတကာအခင်းအကျင်းတွေကလည်း တပြိုင်တည်းပေါ်ပေါက်လာခဲ့ရပါတော့တယ်။
၁၉၅၀ ဆောင်ဦးရာသီဟာ ကမ္ဘာ့ကောင်းကင်ယံမှာ လေအေးများတိုက်ခတ်ရင်းဖြတ်သန်းဝင်ရောက်လာခဲ့တယ်။ကမ္ဘာ့နိုင်ငံရေးကွင်းပြင်ထဲမှာဆိုဗီယက်ဟာ သူတို့ရဲ့ပထမဆုံး အနူမြူ ဗုံးကို စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သလို တရုတ်ကွန်မြူနစ်မော်စီတုံးကလည်း တရုတ်တပြည်လုံးကိုဝါးမျိုသိမ်းပိုက်လိုက်နိုင်ပြီးဖြစ်တယ်။အဲ့အချိန်မှာ ဆိုဗီယက်က မြောက်ကို၇ီးယားကို မီးစိမ်းပြလိုက်ပြီး လက်နက်တွေကို တင်ပို့ပါတော့တယ်။ကင်မ်အီဆွန်းက မော်စီတုံးစီမှာအကူညီသွားတောင်းပြန်တော့ မော်ကလည်း ကူညီမယ်ဆိုပြီး ကတိပေးခဲ့သလို တရုတ်မြောက်ပိုင်းတပ်ကို မြောက်ကိုးရီးယားနယ်စပ်ကို ပို့ပါတော့တယ်။၁၉၅၀ မေလ ထဲမှာ ဆိုဗီယက်စစ်ဘက်အကြံပေးအဖွဲ့ ပြုံယမ်းကို ရောက်လာခဲ့တယ်။အမေရိကန်ထောက်လှမ်းရေးသတင်းတွေကရရှိနေပေမဲ့လို့ စစ်ရေးလေ့ကျင့်မှု့ လိုပဲထင်ခဲ့ကြတယ်။
တိုက်ပွဲစတင်ခြင်း
၁၉၅၀ ဇွန်လ၂၅ရက်နေ့ တနေင်္ဂနွေနေ့ မနက်စောစော
မြောက်ကိုးရီးယားတပ်မတော် (KPA)ဟာ စစ်ကြောင်းကြီး၆ခုနဲ့တပြိုင်နက်ထဲ တောင်ကိုးရီးယား နယ်စပ်မျဉ်းကိုဖြတ်ကျော်လာပါတော့တယ်။အွန်ဂျင်မြို့လေးကိုသိမ်းပိုက်လိုက်ပါတယ်။မြောက်ကိုးရီးယားတပ်မတော်မှာခေတ်မီလက်နက်တွေ ဆိုဗီယက်လုပ်တင့်ကားတွေပါလာပေမဲ့ တောင်ကိုး၇ီးယားမှာတော့ ခုခံစရာလောက်လောက်လားလားလက်နက်မရှိလို့ တစ်ဆုတ်ထဲဆုတ်နေရတယ်။
စစ်ကြောင်း၆ခုနဲ့ချီလာတဲ့ မြောက်ကိုးရီးယားတပ်မတော်မှာ
ခြေလျင်တပ်မ၁၀ခု
လေကြောင်းတပ်မ ၁ခု
T34 ၈၅ တင့်ကားအစီး၂၈၀
တိုက်လေယဉ်အစင်း၂၁၀
အမောင်းသင်လေယဉ်၇၈စင်း
ဗုံးကြဲလေယဉ်အစင်း၁၁၀
အထွေထွေသုံးလေယဉ်၃၅စင်းနဲ့အတူ
အမြောက်ကြီးအလက်ပေါင်း၂၂၀ ပါဝင်ပါတယ်။
နောက်ထပ်အရန် တိုက်လေယဉ်၁၁၄စင်း
ဗုံးကြဲလေယဉ်ရ၈စင်း
ဆိုဗီယက်လုပ်တင့်ကား၁၀၅စီးနဲ့
စစ်သား၃သောင်းဟာ နယ်စပ်မျဉ်းမှာ အသင့်စောင့်ဆိုင်းနေပါတယ်။
တောင်ကိုးရီးယားတပ်မတော်မှာတော့
တိုက်ပွဲဝင်စစ်သည် ၆၅၀၀၀
အရန်စစ်သည် ၃၃၀၀၀
အမောင်းသင်လေယဉ်၁၀စင်း
အခြားလေယဉ်၁၂စင်းသာရှိပြီး.တင့်ကားလုံးဝမရှိပါ။
ဇွန်လ ၂၇ရက်နေ့
တောင်ကိုးရီးယားအစိုးရအဖွဲ့ဟာ ဆိုလ်းမြို့ကနေ ထွက်ပြေးခဲ့ရတယ်။အစိုးရအဖွဲ့ဆုတ်ပြီး တက်လာတဲ့မြောက်ကိုးရီးယားတပ်မရပ်တန့်သွားဖို့အတွက် ဆိုးလ်းမြို့က ဟန်မြစ်ကူးတံတားကို ဇွန်လ၂၈ရက်နေ့ မနက်၂နာရီတိတိမှာ ဖောက်ခွဲလိုက်ပါတော့တယ်။တံတားကို ဖောက်ခွဲချိန် တံတားပေါ်မှာ ဖြတ်သန်းနေတဲ့စစ်ပြေးဒုက္ခသည် ၄၀၀၀ကျော်ဖြတ်သန်းနေတာမို့ အရပ်သားရာချီသေဆုံးခဲ့ရတယ်။အဲ့လိုနဲ့ဆိုလ်းမြို့ဟာ မြောက်ကိုးရီးယားလက်ထဲအလွယ်တကူပဲကျသွားခဲ့တယ်။မြောက်ကိုးရီးယားတပ်ရဲ့လျင်မြန်တဲ့ ထိုးစစ်ဆင်မှု့ တွေကြောင့် တောင်ကိုးရီးယားစစ်သည် တွေဟာ ၅ရက်အတွင်း ၅သောင်းကျော် ကျဆုံးခဲ့တယ်။မြောက်ကိုးရီးယားတပ်မတော်ဟာ ၀င်လာတာနဲ့ ရိုင်းစိုင်းခက်ထန်တဲ့ ဒီမိုဆန်မန်ဟီးအစိုးရဖွဲ့စည်းပေးထားတဲ့ကွန်မြူနစ်တွေကိုသီးသန့်သတ်ဖြတ်တဲ့အဖွဲ့ဖြစ်တဲ့ ဘိုဒို အဖွဲ့ဝင်မှန်သမျှကို သတ်ဖြတ်ခဲ့သလို ဘိုဒိုတွေကလည်း မြောက်ကိုးရီးယားတွေဝင်မလာခင် ထောင်ထဲမှာဖမ်းထားတဲ့ ကွန်မြူနစ်မှန်သမျှကို သတ်ဖြတ်ပစ်ခဲ့တာကြောင့် အရပ်သားသောင်းနဲ့ချီပြီးသေဆုံးခဲ့ရတယ်။
ဇွန်လ ၂၅ရက်နေ့
ကုလသမဂ္ဂအရေးပေါ်အစည်းဝေးခေါ်ယူခဲ့တယ်။သူတို့အချင်းချင်းဖြစ်ပွားတဲ့ပြည်တွင်းစစ်မှာ ၀င်ကူစရာမလိုကြောင်းဆိုဗီယက်က ထောက်ပြတယ်။သို့သော် ကုလ ကမဲခွဲပြီးကူဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဇွန်လ ၂၇ ရက်နေ့
အမေရိကန်သမ္မတ ဟဲရီထရူးမင်း အမေရိကန်တပ်မတော်ကို စစ်ချီဖို့ အမိန့်ပေးလိုက်ပါတော့တယ်။
(မှတ်ချက်။ အမိန့်ပေးပြီး၁လအကြာ အမေရိကန်ကွန်ဂရက်လွှတ်တော်က စစ်သုံးစရိတ်အမေရိကန်ဒေါ်လာ ၁၂ဘီလီယံ ချပေးလိုက်ပါတယ်။)
အဲ့ဒီအချိန်မှာပဲ မြောက်ကိုးရီးယားတပ်မဟာ ကေဆောင်၊ချန်ချွန်း၊အူဂျွန်ဘူ၊အွန်ဂျင်း၊စတဲ့မြို့ကြီးတွေကို သိမ်းပိုက်ထားလိုက်နိုင်ပြီဖြစ်တယ်။ဒီလို ထိုးစစ်အရှိန်မျိုးနဲ့သာ တိုက်ရင် အမေရိကန်တွေ ကိုးရီးယားကျွန်းဆွယ်ကိုရောက်တဲ့အချိန်ဆိုရင် အားလုံးသိမ်းပြီးသားဖြစ်တော့မယ်ဆိုတာ အမေ၇ိကန်စစ်မဟာဗျူဟာ အရာရှိတွေကတွက်မိခဲ့တယ်။ဒီတော့ သူတို့မရောက်ခင် မြောက်ကိုးရီးယားထိုးစစ်ကိုတန့်နေအောင် ခံစစ်တစ်ခုလုပ်ဖို့ လိုလာခဲ့တယ်။
အမေရိကန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မက်အာသာက
၈ျပန်ကျွန်းမှာရှိနေတဲ့ အမေရိကန် အမှတ်၈တပ်မတော်က အမှတ်၂၄တပ်မအားမြောက်ကိုး၇ီးယားထိုးစစ်ကိုတားဖို့ တာဝန်ပေးလိုက်ပါတယ်။ဇူလိုင်၁ရက်နေ့မှာတော့ ခံစစ်ပြင်ဆင်လို့ပီးပါတယ်။ပစ်ကူပေးမဲ့ ၁၀၅မမ ဟောင်ဝစ်ဇာ အမြောက်တပ်ဖွဲ့ကလည်း အသင့်နေရာယူထားပါတယ်။အမေရိကန်တွေဟာ အဲ့အချိန်ထိ မြောက်ကိုးရီးယားတပ်မတော်ကိုလျှော့တွက်ပြီးအထင်သေးဆဲပါ။ဘာလို့ဆိုတော့ အဲ့ဒီအချိန်အမေရိကန်ဟာ အာရှစူပါပါဝါ ဂျပန်ကို စစ်နိုင်ထားတာကြောင့် လည်းဖြစ်နိုင်ပါတယ်။
ဇူလိုင်၅၇က်နေ့
မြောက်ကိုးရိးယားအမှတ်၁၀၇ သံချပ်ကာတပ်ရင်းရဲ့ ဆိုဗီယက်တင့်ကားတပ်ဟာ အိုဆန်ခံစစ်နေရာမှာ ချီတက်လာလို့ အမေရိကန်တပ်ရင်မှူးဟာ ဟောင်ဝစ်ဇာတွေကို ပစ်မိန့်ပေးလိုက်ပါတော့တယ်။သို့သော် ဟောင်ဝစ်ဇာထိမှန်ပေမဲ့ တင့်ကားတွေဘာမှမဖြစ်တာတွေ့လိုက်ရတော့ အမေရိကန်တွေလန့်ကုန်ကြတယ်။တကယ်တော့ အမေရိကန်တွေ ဟာ ဆိုဗီယက် T34 တင့်ကားသစ်ရဲ့စွမ်းဆောင်ရည်ကို မသိလို့ အရင်လက်နက်ဟောင်းတွေနဲ့ပဲ ပစ်ခတ်ခဲ့တာပါ။ဘယ်လိုမှ မရတဲ့အဆုံး H.E.A.T ခေါ် ဖျက်အားပြင်းဗုံးသီးနဲ့ပစ်မှ တင့်ကား၂စီး ပျက်စီးပါတယ်။ဗုံးသီးကလည်း၆လုံးပဲရှိတယ်။အဲ့လိုနဲ့ အမေရိကန်ခံစစ်တပ်ဟာ အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာရပါတော့တယ်။
ပွဲဦးထွက်တိုက်ပွဲမှာ အမေရိကန်အယောက်၆၀ကျဆုံးပြီး ၂၁ယောက်ဒဏ်ရာရပြီး၈၂ယောက်အဖမ်းခံရတယ်။
အိုဆန်တိုက်ပွဲကနေဆုတ်လာတဲ့အမေရိကန်တပ်ရင်း၂၁ဟာ ပြုံတိပ်ရွာမှာဂျပန်ကျွန်းကနေ လေထီးဆင်းလာတဲ့ အမေရိကန်ခြေလျင်တပ်ရင်း၃၄နဲ့ဆုံပါတယ်။အားလုံးပေါင်းပြီးအင်အား၂၀၀၀နဲ့ပြုံတိတ်မှာခံစစ်ပြင်ပါတယ်။ဇူလိုင်၆ရက်နေ့မှာတော့ မြောက်ကိုးရီးယားဗိုလ်ချုပ် လီကွမ်မူးရဲ့ တပ်ဟာ အင်အား၁၂၀၀၀ တင့်ကားဒါဇင်ပေါင်းများစွာနဲ့ ခံစစ်နေရာပြုံတိတ်ရွာကို ချီတက်လာပါတော့တယ်။ခံစစ်ဟာ မိနစ်၃၀သာခံပြီးအမေရိကန်တွေဆုတ်ပြေးရပါတော့တယ်။အဲ့လိုနဲ့ခံစစ်စည်း၃ခု ပျက်စီးခဲ့ရပြီး အမေရိကန်စစ်သည် ၅၀၀ကျော် သေဆုံးခဲ့ရတယ်။၂၀၀နီးပါးအဖမ်းခံခဲ့ရတယ်။
အမေရိကန်တပ်ရင်း ၂၁နဲ့ ခြေလျင်တပ်ရင်း ၃၄ တို့ဟာ တောင်ဘက်ချိုချီဝန်းရွာမှာခံစစ်ပြင်ပါတယ်။သို့သော် အဲ့ဒီရွာမှာလည်း အမေရိကန်၆၆၅ယောက်သေဆုံးပြီး အမ်၂၄တင့်ကား၉စီးပျက်စီးကျန်ရစ်ခဲ့တယ်။တပ်ပျက်ပြီးထွက်ပြေးလာတဲ့ အမေရိကန်တွေဟာ အမေရိကန်တပ်မ၂၄ဗိုလ်ချုပ်ဒီန်းရဲ့တပ်အထိ ဆုတ်လာခဲ့ကြတယ်။အဲ့လိုနဲ့အင်အား၃၀၀၀နဲ့ တေဂျိုးမြို့မှာအခိုင်အမာခံစစ်ပြင်ပြန်တယ်။ဇူလိုင်၁၉၇က်နေ့မှာတော့ တေဂျိုးမြို့ထဲကို မြောက်ကိုးရီးယားတပ်တွေဝင်လာခဲ့ပါတယ်။ဇူလိုင်၂၀ရက်နေ့မှာ တပ်မမှူးဒီန်းဟာ အခြေနေမဟန်တာကြောင့်ဆုတ်မိန့်ပေးပြီးဆုတ်ခိုင်းလိုက်တယ်။သို့သော် ကစဥ့်ကလျားဆုတ်ရတာကြောင့်တပ်မမှူးဗိုလ်ချုပ်ဒီန်းကိုယ်တိုင်လမ်းပျောက်ပြီး သိပ်မကြာခင်မြောက်ကိုးရီးယားတပ်ဖွဲ့က ဒီန်းကိုဖမ်းမိသွားခဲ့ရတယ်။စစ်ပွဲတစ်လျှောက်ရာထူးအကြီးဆုံးသုံ့ပန်းဖြစ်သွားရပါတော့တယ်။
အဲ့ဒီတိုက်ပွဲမှာအမေရိကန် ၉၉၂ယောက်ကျပြီး ၂၂၈ယောက်ဒဏ်ရာရကာ ၂၀၀၀ကျော်ပျေက်ဆုံးခဲ့ရတယ်။ပျောက်ဆုံးစစ်သည်တွေကိုတော့ ဘယ်တော့မှပြန်မတွေ့တော့ပါဘူး။တေဂျိုးတိုက်ပွဲအပြီးမှာ အမေရိကန်တပ်မ၂၄ဟာ ရစရာမရှိအောင် ပြုတ်ပြုတ်ပြုန်းသွားပါတော့တယ်။စုစုပေါင်း၃၆၀၂ယောက်သေပြီး တပ်မမှူးအပါဝင်၂၆၉၂ ဖမ်းခံရကာ တပ်မတစ်ခုလုံးနောက်တန်းပြန်ပို့ပြီးအနားပေးလိုက်ရပါတော့တယ်။
တပ်မ၂၄ဟာ အရှုံးနဲ့ကြုံခဲ့ရပေမဲ့ တာဝန်ကျေခဲ့ပါတယ်။သူတို့ရဲ့အသေခံခံစစ်ကြောင့်မြောက်ကိုး၇ီးယားထိုးစစ်အနည်းငယ်တန့်ခဲ့ရတာကြောင့် အမေရိကန်စစ်တပ်ချီတက်ရာမှာအချိန်၇သွားခဲ့ပါတယ်။မြောက်ကိုးရီးယားစစ်တပ်ဟာ သိမ်းပိုက်မိသမျှမြို့ရှာတွေမှာ အစိုးရလူတွေ၊ဘိုဒိုအဖွဲ့ဝင်တွေကိုသတ်ပစ်သလို၊ဘိုဒိုအဖွဲ့ကလည်း တောင်ကိုးရီးယားကွန်မြူနစ်တွေကိုသတ်ပစ်ခဲ့တယ်။နောက်ဆုံးမြောက်ကိုးရီးယားတပ်တွေရောက်လာတဲ့အချိန်မှာတော့ လူ၅သောင်းကျော်ရဲ့အလောင်းတွေပဲပြန်ရလိုက်ပါတယ်။
အမေရိကန်တွေဝင်တိုက်ပြီးဆိုတာသိတာနဲ့တရုတ်ကွန်မြူနစ်ခေါင်းဆောင် ဂေးဂေါင်ဟာ တရုတ်စစ်သား၂သိန်း၆သောင်းကို ဦးစီးပြီးမြောက်ကိုးရီးယားနယ်စပ်မှာစစ်ပြင်လာတယ်။ဆိုဗီယက်တွေကလည်းသူတို့ရဲ့လေတပ်ကို မြောက်ကိုးရီးယားနဲ့အနီးဆုံးလေဆိပ်တွေကိုရွေ့ပြောင်းလာကြတယ်။နောက်ဆုံးခုခံစရာ ပူဆန်ဆိပ်ကမ်းမြို့ပဲ ကျန်ပါတော့တယ်။ပူဆန်ကျရင် အမေရိကန်တွေ ပင်လယ်ထဲခုန်ဆင်းဖို့သာရှိတော့တယ်။တပ်မ၂၄ရဲ့အကြွင်းအကျန်တွေနဲ့ မိုင်၁၄၀ကျော်ရှည်တဲ့ ပူဆန်ခံစစ်စည်းတစ်လျောက် အပူတပြင်းခံစစ်ပြင်ပါတယ်။အဲ့ဒီအချိန် ကုလသမဂ္ဂတပ်တွေ အမေရိကန်ထောက်ပံ့ရေးတပ်တွေကလည်းပူဆန်ဆိပ်ကမ်းကို နေ့စဉ်တဖွဲဖွဲဝင်နေပါပြီး။အဲ့လိုနဲ့ အမေရိကန်တပ်သားတွေနဲ့ တောင်ကိုးရီးယားတပ်သားပေါင်းအင်အားဟာ ၁၄၁၈၀၈ယောက်အထိ အလျင်အမြန်တိုးတက်သွားတယ်။
ပူဆန်ကိုရလျင် စစ်နိုင်ပြီဆိုတာသိတဲ့ မြောက်ကိုးရိးယားတပ်တွေကလည်းအရပ်မျက်နှာအဘက်ဘက်ကနေ ပူဆန်ကိုဝိုင်းလာကြပါတော့တယ်။မီးကုန်ယမ်းကုန်တိုက်ဖို့အတွက် ရှိသမျှအင်အားပုံအောလာတာမို့ ခြေလျင်တပ်မ ၁၃ခု၊တီ၃၄တင့်ကားရာချီပါဝင်တဲ့ သံချပ်ကာတပ်မတစ်ခုအပါအ၀င် အင်အား၉၈၀၀၀ကျော်နဲ့မနားတမ်းချီတက်လာပါတော့တယ်
ကိုးရီးယားစစ်ပွဲ ၂
~~~~~~~~~
ပူဆန်ခံစစ်ကြောင်းကို မြောက်ကိုးရီးယားတွေကျော်မလာဖို့ အမေရိကန်အမှတ်၂၄တပ်မက အင်အား၂သောင်းနဲ့ စောင့်ကြပ်ထားတယ်။ခံစစ်ကြောင်းရဲ့အရှေ့မှာ ၆ပေနက်ပြီးပေ၁၃၀၀ကျယ်တဲ့ နတ်တုန်မြစ်ရှိတယ်။သြဂုတ်လ ၅ရက်နေ့ ညသန်းခေါင်ယံမှာ မြောက်ကိုးရီးယားအမှတ်၁၆တပ်ရင်းက အင်အား၇၀၀၀နဲ့ဖြတ်လာပြီး ၀င်တိုက်ပါတယ်။အမေရိကန်တွေဆုတ်ပြေးခဲ့ရတယ်။စစ်ကူလွှတ်လိုက်တဲ့တပ်ဖွဲ့တွေကလည်း လမ်းမှာချုံခိုတိုက်ခံရတာကြောင့် အမေရိကန်တွေအကျဆုံးများခဲ့တယ်။ဒါကြောင့်မြောက်ကိုးရီးယားတပ်တွေဟာ ခံစစ်စည်းကိုဖောက်လာနိုင်ပြီး ၀င်လာခဲ့တာ ၃မိုင်အထိ ရောက်လာခဲ့ပါတော့တယ်။
မြောက်ကိုးရီးယားတပ်ရင်း၁၆ အမေရိကန်တွေကိုရင်ဆိုင်နေချိန်မှာ နောက်က ကပ်လိုက်လာတဲ့မြောက်ကိုးရီးယားတပ်တွေဟာ သဲအိပ်တွေ၊ပျဉ်ပြားတွေနဲ့မြစ်ထဲမှာ တံတားထိုးနေပါတော့တယ်။အဲ့ဒီနေ့ညနေမှာတော့ မြောက်ကိုးရီးယားတပ်မကြီးတစ်ခုလုံးဖြတ်ကျော်လာပြီးဖြစ်ပါတယ်။
ခံစစ်စည်းပေါက်သွားပြီးမို့ အမေ၇ိကန်အမှတ်၁မရိမ်းတပ်ဟာ ချက်ခြင်းလိုက်လာခဲ့တယ်။သြဂုတ်၁ရက်နေ့မှာတော့ မြောက်ကိုးရီးယားတပ်တွေ တပ်စွဲနေတဲ့ အိုဘိုနီတောင်ကုန်း နဲ့ Clover leafတောင်ကုန်းတွေကို လေကြောင်းပစ်ကူတွေအကြီးအကျယ်သုံးပြီး အကြိမ်ကြိမ်တိုက်ပေမဲ့ မရဘဲ လန်ကျပါတယ်။သြဂုတ်၁၈ရက်နေ့ ညမှာတော့ ရှိသမျှ လက်နက်ကြီး လေကြောင်းပစ်ကူ အကုန်သုံးပြီး တိုက်တာကြောင့် မြောက်ကိုးရီးယားတပ်တွေ ဆင်းပေးခဲ့ရတယ်။အမေရိကန်က လိုက်တိုက်တာကြောင့် မြစ်ကိုဖြတ်ပြီး မြောက်ကိုးရီးယားတွေ ဆုတ်ခွာခဲ့ရတယ်။
ဒီတိုက်ပွဲမှာ အမေရိကန်၆၀၀ကျပြီး ၁၀၀၀ကျော်အဖမ်းခံရကာ မြောက်ကိုးရီးယားက ၁၂၀၀ကျော်ကျပြီး ၂၃၀၀ကျော်အဖမ်းခံရတယ်။
ပူဆန်ခံစစ်စည်းရဲ့အရှေ့ဘက် ပိုဟန်ဒေါင်းမြို့မှာ အမေရိကန်နဲ့တောင်ကိုးရီးယားတပ်အင်အားစုစုပေါင်း ၅၈၀၀၀ဟာ ခံစစ်ဆင်ထားတယ်။တောင်ကိုးရီးယားအမှတ် ၃နဲ့ အမှတ်၈တပ်မတွေ က လှည့်ကင်းထွက်တယ်။အဲ့အချိန်မှာ မြောက်ကို၇ီးယားအမှတ် ၈,၁၂,၅ တပ်မတွေနဲ့အတူ အမှတ်၇၆၆နံမည်ကျော်တပ်မကလည်း အဆိုပါနေရာကိုချည်းကပ်လာတယ်။သြဂုတ်လ၅၇က်နေ့မှာတော့ မြောက်ကိုးရီးယားက ၀င်တိုက်ပါတယ်။တောင်ကိုးရီးယားတပ်မ ၃ကိုဝင်တိုက်တာမို့ တပ်မ၃တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းသွားခဲ့တယ်။အငိုက်မိသွားခဲ့ရတယ်။သြဂုတ်လ ၆ရက်နေ့မှာ အမေရိကန်တွေ လေကြောင်းပစ်ကူနဲ့ မြို့ကို ပြန်တိုက်ပေမဲ့မအောင်မြင်ဘူး။သြဂုတ်၁၀ရက်နေ့မှာ အမှတ်၈တပ်မဟာက စစ်ကူပေးပြီး မြို့ကိုပြန်တိုက်ပါတယ်။မြောက်ကိုးရီးယားအင်အားများတာမို့ အမေရိကန်က အရန်ထားတဲ့လေယဉ်တွေပါမချန်အကုန်ဗုံးထွက်ကြဲပြီး ပြန်ရအောင်တိုက်သလို၊တဖက်ကလည်း ပင်လယ်နဲ့နီးနေတဲ့အတွက် အမေရိကန်ရေတပ်စစ်သေဘာင်္ကြီးတွေကပါ ရောက်လာပြီး မြို့ထဲကို အမြောက်ကြီးတွေနဲ့မနားတမ်းပစ်ခတ်ခဲ့ပါတော့တယ်။မြောက်ကိုးရီးယားတွေအထိနာတဲ့အတွက် သြဂုတ်လ၁၇ရက်နေ့မှာ စဆုတ်ပြီး သြဂုတ်လ ၁၉ရက်နေ့ တော့ ပူဆန်ခံစစ်စည်းအတွင်းကနေ လုံးဝဆုတ်ခွာသွားခဲ့ရပါတော့တယ်။ဒီတိုက်ပွဲမှာ ၂ဖက်စလုံးအကျဆုံးများပြီး မြောက်ကိုးရီးယားတပ်မ၁၂က အင်အား၉ထောင်ကျော်ကျဆုံးပြီး အမှတ်၇၆၆တပ်ရင်းကြီးဟာလည်း၈ထောင်ကျော်ကျဆုံးပါတယ်။
ပူဆန်ခံစစ်ကြောင်းရဲ့ယာယီဌာနချုပ်ဖြစ်တဲ့ တေးဂူမြို့  ကို အမေရိကန်တပ်မ၁ခု တောင်ကိုးရီးယား တပ်မ၃ခုတို့က ခံစစ်ဆင်ထားကြတယ်။ဌာနချုပ်ရှိမှန်းသိတာကြောင့် မြောက်ကိုးရီးယားတပ်မ ၅ခုနဲ့ သံချပ်ကာတပ်မအမှတ်၁၀၅ တို့ဟာ တေးဂူကိုတိုက်ဖို့ ခံစစ်စည်းကို တပြိုင်နက်တည်းဖောက်ဝင်လာပါတော့တယ်။အပြင်းအထန်အမေရိကန်တပ်ကတိုက်ပေမဲ့ဗုံးကြဲပေမဲ့ မြောက်ကိုးရီးယားတွေဆုတ်မသွားဘူး။သြဂုတ်၁၄ရက်မှာတော့ အမေရိကန်ဗိုလ်ချုပ်ကြီးမက်အာသာက အရေးပေါ်စီမံချက်ဆွဲရပါတော့တယ်။ထောက်လှမ်းရေးသတင်းအရ မြောက်ကိုးရီးယားတွေ အင်အားစုနေတဲ့ နတ်တုန်မြစ်အနောက်ဘက် ဝေဂွမ်မြို့အနီးက ၂၇မိုက်ကျယ်တဲ့ဧရိယာတစ်ခုလုံးကို ရှိသမျှလေယဉ်တွေအကုန်လုံးနဲ့ ဗုံးမိုးရွာခိုင်းခဲ့ပါတော့တယ်။
သြဂုတ် ၁၆ရက်နေ့ နေ့လည်၁၁နာရီ ၅၈မိနစ်မှာတော့ ပေ၁သောင်းအထက် အာကာယံကနေ ပျံသန်းလာတဲ့ အမေ၇ိကန်ဗုံးကြဲလေယဉ်ပေါင်းများစွာဟာ ပေါင်၅၀၀ဗုံး ၃၀၈၄လုံး၊ပေါင်၁၀၀၀ဗုံး ၁၅၀လုံးအပါအ၀င် ဗုံးတန်ချိန် ၉၆၀တန်ကို အဆိုပါဧ၇ိယာထဲကြဲချပါတော့တယ်ဗျာ။ဒါဟာ အမေရိကန်တပ်မတော်ရဲ့သမိုင်းမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲကြီးနောက်ပိုင်း ဒုတိယအများဆုံးဗုံးကြဲမှု့ ကြီးပဲဖြစ်ပါတော့တယ်။ဗုံးဒဏ်ကြောင့်မြောက်ကိုးရီးယားတွေ အကျဆုံးများခဲ့ရတာကြောင့် တေးဂူ ကိုသိမ်းပိုက်မဲ့အကြံကိုလက်လျှော့ပြီး နတ်တုန်မြစ်ကိုဖြတ်ကာပြန်လည်ဆုတ်ခွာသွားခဲ့ပါတော့တယ်။ဆုတ်သွားတဲ့မြောက်ကိုးရီးယားတွေဟာ ဖမ်းမိထားတဲ့အမေရိကန်၄၂ယောက်ကို လက်ပြန်ကြိုးတုတ်လျက်သားသတ်ပစ်ခဲ့ပြီး တေးဂူမြို့ပတ်လည်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်၂ဖက်တပ်တွေအထိနာပြီး ရှေ့တန်းခံစစ်ယူထားတဲ့တောင်ကိုးရီးယားတပ်ရင်းတွေဟာ ကုန်သလောက်ဖြစ်သွားခဲ့ရတယ်။
စက်တင်ဘာလမှာတော့ တိုက်ပွဲရဲ့ချိန်ခွင်လျှာဟာ ပြောင်းသွားခဲ့ပါတယ်။မြောက်ကိုး၇ီးယားတပ်တွေရဲ့လက်နက် ၇ိက္ခာ ကုန်သလောက်ဖြစ်သွားခဲ့ရကာ ဒဏ်ရာရသူတွေကလည်းဆေးဝါးမရှိလို့တဖြုတ်ဖြုတ်သေဆုံးနေပါတော့တယ်။ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်းအမေရိကန်ကဗုံးကြဲထားလို့ ဘာပစ္စည်းမှရောက်မလာခဲ့ပါဘူး။တရုတ်တွေကလည်းတောင်ပိုင်းအထိဆင်းမလာဘဲ နယ်စပ်မှာသာစောင့်ပြီး နေတာမို့ ပူဆန်ခံစစ်ကြောင်းမှာဆိုင်ထားတဲ့မြောက်ကိုးရီးယားတပ်တွေဟာ မျောက်သစ်ကိုင်းလွတ်ဖြစ်နေပါတယ်။တဖက်က အမေရိကန်တွေကတော့ ထောက်ပံ့ရေးပစ္စည်းတွေ တဖွဲဖွဲဆိုက်ရောက်နေပြီး လက်ရှိ M24တွေ ထက်ပိုကောင်းတဲ့ M4ရှားမင်းတင့်ကားအစီး၆၀၀ကျော်ပါရောက်ရှိနေပြီးဖြစ်ပါတယ်။လက်နက်အသစ်ဆန်းတွေလည်းရောက်ရှိလို့နေပါတယ်။အဲ့တော့ အချိန်ကြာလေလေ ပိုဆုံးရှုံးနိုင်လေဖြစ်မှာကိုသိတဲ့မြောက်ကိုးရီးယားဗိုလ်ချုပ်တွေဟာ ရှိသမျှတပ်ကို ပြန်လည်ဖွဲ့စည်းအင်အားပြန်စုပြီး နောက်ဆုံးထိုးစစ်ကြီးတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။တပ်မဟာ အသစ်ထဲမှာ သုံ့ပန်းတွေ တောင်ကိုးရိးယားအရပ်သားလူငယ်တွေကိုပါထည့်သုံးပြီး ရှေ့တန်းကတက်ခိုင်းပါတယ်။ဒီထိုးစစ်ကိုဗိုလ်ချုပ်ကြီး ချိုယုံဂမ်း ကိုယ်တိုင်လိုက်ပါလာပြီး ဗိုလ်ချုပ်ကြီကင်မ်ချောက် ဦးစီးပါတယ်။အဆိုပါ ထိုးစစ်မှာ တပ်မကြီး၂ခု၊တပ်မ၇ခု၊နဲ့ အမှတ်၁၇ သံချပ်ကာတပ်မဟာ တို့ပါဝင်ပါတယ်။စုစုပေါင်းအင်အား ၉၇၈၅၀ ရှိပြီး တပ်မကြီး၁က တောင်ဘက်ကတိုက်ပြီး တပ်မကြီး၂က အနောက်ဘက်ကတိုက်ပါတော့တယ်။
အမေရိကန်တွေကတော့ မြောက်ကိုးရိးယားကို တော်တော်နဲ့ပြန်တိုက်နိုင်မှာမဟုတ်ဘူးလို့ ထင်ထားတယ်။အဲ့လိုနဲ့ စက်တင်ဘာလဆန်းမှာ အမေရိကန်တွေထင်မထားတဲ့ စက်တင်ဘာထိုးစစ် သို့မဟုတ် နတ်တုန်မြစ်မဟာထိုးစစ်ကြီးစတင်ပါတော့တယ်။သြဂုတ်၂၇ရက်နေ့ညမှာတော့ မြောက်ကိုးရီးယားအမှတ်၁၂တပ်မက တောင်ကိုးရီးယား ခံစစ်ဆင်ထားတဲ့ ကျွန်ဂျူး ကို ၀င်တိုက်ပါတယ်။တပ်ပျက်ရသည်အထိဖြစ်ခဲ့တယ်။သြဂုတ်၂၉ရက်ညမှာ မြောက်ကိုးရီးယားက ၀င်တိုက်ပေမဲ့ အမေရိကန်ခြေလျင်တပ်ရင်းက ခုခံတာအောင်မြင်သွားခဲ့တယ်။စက်တင်ဘာ၂ရက်နေ့ညမှာတော့ မြောက်ကိုးရိးယားတပ်မ၁၂ဟာ လျင်လျင်မြန်မြန်ချီတက်ပြီး တိုက်ခါ စက်တင်ဘာ၃ရက်နေ့ညမှာတော့ မြောက်ကိုးရိးယားတွေဟာ တီ၃၄တင့်ကား၃စီးနဲ့ အတင်းဝင်လုံးတဲ့အတွက် တောင်ကိုးရီးယားအမြောက်စခန်းတွေကျသွားပြန်တယ်။မြောက်ကိုးရီးယားတွေဟာ အမေရိကန်ဗုံးကြဲလေယဉ်တွေကိုရှောင်တဲ့အနေနဲ့ ညတိုက်စစ်ဆင်တာအောင်မြင်ခဲ့တာကြောင့်အမေရိကန်တွေအခက်တွေ့နေရတယ်။လေကြောင်းပစ်ကူကလည်းညတိုက်ပွဲတွေမှာပေးလို့မရသလို ၇န်သူထင်ပြီး မှားပစ်ကြလို့ တောင်ကိုးရီးယားဘက်က အကျဆုံးများနေတယ်။စက်တင်ဘာ၆ရက်နေ့ညမှာတော့ ပိုဟန်ဒေါင်းမြို့ဟာ မြောက်ကိုးရီးယားလက်ထဲကို ကျသွားပါတော့တယ်။လျင်မြန်တဲ့တိုက်စစ်အဟုန်ကြောင့် စက်တင်ဘာထိုးစစ်စပြီး၁၀ရက်အတွင်းမှာဘဲ ပူဆန်ခံစစ်ကြောင်းရိုက်ချိုးခံလိုက်ရပါတယ်။ခံစစ်ပြင်ထားတဲ့ အမေရိကန်တပ်နဲ့တောင်ကိုးရီိးယားတပ်ဟာ နောက်ဆုတ်ခဲ့ရတယ်။သို့သော် မြောက်ကိုးရီးယားတပ်ဟာ အင်အားနည်းသထက်နည်းလာနေပြီးဖြစ်ပါတယ်။အချို့တပ်ရင်းတွေမှာ လူ၂၀သာသာပဲကျန်တော့တယ်။တင့်ကားတွေလည်း ဆယ်ဂဏန်းသားသာပဲကျန်တော့တယ်။စစ်ကူမဲ့ခဲ့ရတယ်။
စက်တင်ဘာ၈ရက်နေ့ ညမှာတော့ မြောက်ကိုးရီးယားတပ်မ၁၅ဟာ အမေရိကန်ဌာနချုပ်နဲ့အနီးဆုံးယုံချွန်ကို သိမ်းပိုက်လိုက်နိုင်ပါတယ်။သို့သော် အမေ၇ိကန်စစ်ဌာနချုပ်က ချက်ခြင်းလိုက်လာပြီးမြို့ကိုပြန်ဝိုင်းပါတယ်။အတင်းဝင်တိုက်တာမို့ စက်တင်ဘာ၁၀ရက်နေ့မှာတော့ ယုံချွန်ကို တောင်ကိုးရီးယားတပ်မတော်ကပြန်သိမ်းပါတယ်။မြောက်ကိုးရီးယားတပ်မ၁၅ ယုံချွန်ကို ၀င်တိုက်နေချိန်မှာ မြောက်ကိုးရီးယားတပ်မ၃ တပ်မ၁၃ တပ်မ၁ တို့ဟာ အမေရိကန်ဌာနချုပ်ရှိရာတည့်တည့်ကြီးချီတက်လာပြီး တဘူဒေါင်းရွာနားက စိုးမိုးကုန်းမှာတပ်ဖြန့်လိုက်ပါတယ်။မြေက်ကိုးရီးယားတွေတပ်စွဲထားတဲ့တောင်ကုန်းတွေကို သိရတဲ့အခါမှာ အမေရိကန်လေတပ်ဟာ ရှိသမျှလေယဉ်တွေနဲ့ဗုံးမိုးရွာပါတော့တယ်။တောင်ကုန်းးအမှတ် ၅၁၈,၃၀၃ နဲ့ ၃၄၆ တို့ကို တခါကြဲရင် ၃၇မိနစ်ကြာအောင် ကြဲပြီး မီးလောင်ဗုံးတွေအများဆုံးသုံးပါတယ်။အဲ့ဒီနောက် အမေရိကန်အမှတ်ရ ခြေမြန်တပ်ရင်းဟာ တောင်ကုန်းတွေကိုတက်သိမ်းပေမဲ့ မြောက်ကိုးရီးယားတွေ ကအသေခံခုခံနေကြလို့ တောင်ကုန်းအမှတ်၃၀၃တစ်ခုပဲပြန်သိမ်းနိုင်ခဲ့တယ်။စက်တင်ဘာ၎ရက်နေ့အထိ ၄ကြိမ်တိုင်တိုင်တက်သိမ်းပေမဲ့ အကြိမ်ကြိမ်လန်ကျလာတာမို့ အမေ၇ိကန်ခြေမြန်တပ်ရင်း၇ဟာ လက်လျှော့ပြီး ဌာနချုပ်ကိုပြန်ဆုတ်လာခဲ့တယ်။စက်တင်ဘာ၅ရက်နေ့မှာ တော့ မိုးထဲရေထဲဆုတ်နေတဲ့ အမေ၇ိကန်ခြေမြန်တပ်ရင်း၇ကို မြောက်ကိုးရီးယားတွေက၀ိုင်းတိုက်တာမို့ ခြေမြန်ရင်း၇ဟာ အကျဆုံးများနေပါတော့တယ်။စက်တင်ဘာ၆ရက်နေ့ညမှာတော့ အမေရိကန်တွေသိမ်းထားတဲ့တောင်ကုန်းအမှတ်၃၀၃ကို မြောက်ကိုးရီးယားက အတင်းဝင်လုံးပြန်တယ်။မိုးထဲရေထဲအမေရိကန်တွေကို အသေခံတက်လုံးတာမို့ အမေရိကန်တွေ တောင်ကုန်းပေါ်ကနေ ဆင်းပြေးခဲ့ရတယ်။
ညစဉ်ညတိုင်း နေရာတိုင်းမှာတိုက်ကွက်ဖော်နေတဲ့ မြောက်ကို၇ီးယားတပ်တွေကြောင့် အမေရိကန်တပ်စခန်းတွေအတိုက်ခံနေရပြီး သူ့ကိုယ်မကယ်နိုင် ကိုယ့်သူမကယ်နိုင်ဖြစ်နေပါတော့တယ်။စက်တင်ဘာ၇ရက်နေ့မှာတော့ အမေရိကန်တပ်ရင်းအားလုံးတောင်ဘက်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်ဆုတ်ကြဖို့ ဌာနချုပ်ကအမိန့်ထုတ်ပါတယ်။စက်တင်ဘာ၈ရက်နေ့မှာတော့ ဗျူ ဟာ ဌာနချုပ်ဖြစ်တဲ့ ဝေဂွမ်မြို့ ကျသွားပြန်တယ်။အဲ့ဒီ၇က်ပိုင်းတွေမှာ ညစဉ်ညတိုင်း အမေရိကန်နဲ့မြောက်ကိုးရီးယားတပ်တွေ လက်တစ်ကမ်းတိုက်ပွဲတွေဖြစ်နေသလို လက်ပစ်ဗုံးတွေပလူပျံအောင် သုံးနေရပါတယ်။ Seesaw Battle လို့ခေါ်တဲ့ ဘတပြန် ကျားတပြန် တိုက်ပွဲတွေဖြစ်နေပြီး တပ်တွေလည်းရောနှောနေပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ စစ်ကြောင့်သေကျေရတဲ့ အရာတွေကို မြင်စေချင်တဲ့အတွက် မှတ်တမ်းတွေက ပြန်လည်ကူးယူဖော်ပြခြင်းသာဖြစ်ပါတယ်။စနစ်တစ်ခုကို ကာကွယ်ဖို့အတွက် လူအသက်ပေါင်းသန်းနဲ့ချီပေးဆပ်ခဲ့ကြရတယ်။ဒီနေ့ အကြမ်းဖက်တိုက်ပွဲတွေထက် အဆပေါင်းသိန်းသန်းမကပြင်းထန်တဲ့စစ်တွေပါ။ကမ္ဘာကြီးဟာ ခေတ်သစ်ကမ္ဘာကို ငြိမ်းချမ်းစွာဝင်ရောက်လာတာမဟုတ်ဘဲ ၁၉ရာစု ကိုလိုနီကျွန်ပြုမှု့ နဲ့စတင်ပြီး ဒါဝင်ဝါဒအခြေခံရုပ်ဝxတ္တုလောကထဲကို စစ်ပြုမှု့ နဲ့ကြီးပြင်းခဲ့တယ်ဆိုတာ မြင်ရမှာပါ။
ကိုးရီးယား စစ်ပွဲ ၃
~~~~~~~~~
တဘူဒေါင်ရွာနဲ့မျဉ်းပြိုင်အနေထားမှာရှိတဲ့ကေဆန်ရွာကို စက်တင်ဘာ၂ရက်နေ့ညမှာ မြောက်ကိုးရီးယားတွေ ကသိမ်းပိုက်လိုက်ပြန်တယ်။ဌာနချုပ်တေးဂူကို လက်နက်ကြီးနဲ့လှမ်းပစ်လို့ရတဲ့ အကွာအဝေးဖြစ်နေတာကြောင့် ကေဆန်ရွာ တောင်ကုန်းအမှတ်၉၀၂ ကို အမေရိကန်တွေအသေအလဲပြန်တိုက်နေရတယ်။စက်တင်ဘာ၎ရက်နေ့မှာတော့ အမေရိကန်ခြေမြန်တပ်ရင်း ၈ ဟာ လက်နက်ကြီးပစ်ကူနဲ့ တောင်ကုန်းအမှတ်၉၀၂ကို ၀င်တိုက်ပါတယ်။သို့သော် ထင်သလောက်မပေါက်ဘူးဖြစ်နေတယ်။စက်တင်ဘာ၅ရက်နေ့ မနက်မှာ အမေရိကန်တွေလက်နက်ခဲယမ်းပြတ်သွားလို့ အမေရိကန်လေတပ်ကိုအကူညီလှမ်းတောင်းပါတော့တယ်။အမေရိကန်လေတပ်ကလည်း အမှားမှား အယွင်းယွင်းနဲ့ မြောက်ကိုးရီးယားတွေကို လက်နက်ခဲယမ်းတွေချပေးပြီး အမေရိကန် ခမရ ၈ အပေါ်ကိုတော့ ဗုံးကြဲချနေတာကြောင့် ခမရ၈ ဒုက္ခရောက်နေရတယ်။နောက်ဆုံးဌာနချုပ်က မရ ရအောင်ဆုတ်လာဖို့ အမိန့်ပေးလာတာကြောင့် အနာခံဆုတ်လာခဲ့ရတယ်။အဲ့တိုက်ပွဲမှာ မိမိတပ်တွေဆုတ်လို့ရအောင် အသေခံကာပစ်ပေးပြီး ကျဆုံးကျန်ရစ်ခဲ့တဲ့ တပ်သား မယ်ဗင်အယ်ဗရောင်း ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Medal of Honor ဆုချီးမြင့်ခံခဲ့ရတယ်။
တေးဂူ ဌာနချုပ်မှာ အဘက်ဘက်ကဆုတ်လာတဲ့အမေရိကန်နဲ့ တောင်ကိုးရီးယား တပ်ရင်းတွေဆုံမိတယ်။လူနာနဲ့အလောင်းတွေထပ်နေသလို ကျဉ်ဆံဘုံးပေါလအော သုံးခဲ့တာကြောင့် ခဲယမ်းလည်းပြတ်နေပါတယ်။အဲ့ဒီအချိန်မြောက်ကိုးရီးယားတပ်မ ၁ နဲ့ တပ်မ ၁၃တို့ဟာ ဌာနချုပ်အနားကိုချဉ်းကပ်လာနေပါပြီး။
သြဂုတ် လ ထိုးစစ်တုန်းက မြောက်ကိုးရီးယားတပ်မ ၄ ထိုးဖောက်ခဲ့တဲ့ နတ်တုန်မြစ်ဝှမ်းနေရာကို ခလရ ၂၅ , ခလရ ၃၅, ခလရ ၉ တို့က စောင့်ကြပ်တာဝန်ယူထားပါတယ်။ထောက်လှမ်းရေးသတင်းတွေအရ ဒီနေရာကို နောက်တစ်ကြိမ်ထိုးစစ်ဆင်မယ်ဆိုတာ သိထားရလို့ ခံစစ်ပြင်ထားခဲ့တယ်။သြဂုတ် ၃၁ရက်နေ့ညမှာ မြောက်ကိုးရီးယားတပ်မ ၉ ဟာ အတင်းဝင်လုံးတာကြောင့် ဆင်းပြေးခဲ့ကြရတယ်။တပ်ရင်း၃ရင်းစလုံး တပ်ပျက်သွားခဲ့ရသလို မြောက်ကိုးရီးယားတွေက ကောက်သင်းကောက်သလို လိုက်လံချေမှုန်းပါတော့တယ်။အဲ့တိုက်ပွဲမှာ.အမေရိကန်ဘက်က ၁၃၀၀ကျော်ကျဆုံးပြီး ၂၅၀၀ခန့် ဒဏ်ရာရခဲ့ကြတယ်။
အမေရိကန်ခြေလျင်တပ်ရင်း ၂၄ တာဝန်ယူထားတဲ့ ဟန်မန်မြို့ အနောက်ဘက်ကိုတော့ မြောက်ကိုးရီးယားတပ်မ ၆ ကလာတိုက်ပါတယ်။အမေရိကန်အမြောက်စခန်းတွေကို အရင်ဝင်သိမ်းပြီး အဲ့ဒီအမြောက်တွေနဲ့ပဲ ပြန်ပစ်တာမို့ အမေရိကန်တွေဘက်က ရှားမင်းတင့်ကား၂စီး ပျက်စီးပီး အရူးမီးဝိုင်းဖြစ်ကုန်တယ်။အမေရိကန်တပ်တွေ တပ်ပျက်သွားသလို တောင်ကိုးရီးယား တပ်တွေကလည်း ထိန်းမရတော့ဘဲ အရာရှိတွေကိုတပ်သားတွေက ပစ်သတ်ထွက်ပြေးကြပါတော့တယ်။အာဏာဖီဆန်မှု့ တွေဖြစ်ပြီး ကိုယ့်တပ် ကိုယ်ပြန်နင်းကြပါတော့တယ်။ရှေ့တန်း ကတုတ်ကျင်းထဲက အမေရိကန်စစ်သားတွေကတော့ ပိတ်မိနေပြီး တင့်ကားတွေတက်ကြိတ်တာ ခံနေရတယ်။ခလရ ၂၄ ချေမှုန်းခံလိုက်ရပြီးဆိုတာနဲ့ အမေရိကန်လေတပ်ဟာ ဟန်မန်မြို့ကို ပြာကျသွားတဲ့အထိ ဗုံးကြဲခဲ့သလို ပတ်ပတ်လည်ရှိ အမေရိကန်အမြောက်စခန်း တွေကလည်း ဟန်မန်ကို ပြားပြားဝပ်တဲ့အထိ ၀ိုင်းပစ်ကြပါတော့တယ်။နောက်ကရောက်လာတဲ့ အမေရိကန်အမှတ်၇၉ သံချပ်ကာတပ်ရင်းက ဟန်မန်ကို ပြန်သိမ်းလိုက်ပါတယ်။
မြောက်ကိုးရီးယားတပ်တွေဟာ ပူဆန်ခံစစ်စည်းကို ၁၉၅၀ သြဂုတ်လ ဆန်း နဲ့ စက်တင်ဘာလဆန်း ၂ကြိမ်အလုံးအရင်းနဲ့ဝင်တိုက်ခဲ့ပါတယ်။မီးကုန်ယမ်းကုန်တိုက်ခဲ့ကြတာပါ။နောက်ဆုံးမှာတော့ လေကြောင်းအသာရပြီး အုပ်ချုပ်ထောက်ပံ့မှု့ ကောင်းတဲ့ အမေရိကန်တွေ အနိုင်ရခဲ့တယ်။
သြဂုတ်လ၈ရက်နေ့က နေ စက်တင်ဘာ ၁၈ရက်အထိ ကြာတဲ့ ဒီတိုက်ပွဲမှာ အမေရိကန် ၄၅၉၉ယောက် ကျဆုံး၊ ၁၂၀၅၈ယောက်ဒဏ်ရာရပြီး၊၂၇၀၁ာက်ပျေက်ဆုံးသွားခဲ့ရတယ်။တောင်ကိုးရီးယားတပ်က ၄၀,၀၀၀ ကျော်ကျဆုံးပြီး၊မြောက်ကိုးရီးယား၆သောင်းကျော်ကျဆုံးကာ ၃၃၈၀အဖမ်းခံရ၍ တီ၃၄တင့်ကား ၂၃၉စီး ပျက်စီးသွားခဲ့ရတယ်။အမေရိကန်ပြည်ထောင်စု ရဲ့ Medel.of Honor ဆု ၁၇ယောက်ရရှိပြီး  English victoria cross ဆု ၁ယောက်ရရှိပါတယ်။စစ်ပွဲအတွင်း နှစ်ဖက်စလုံးက လူမဆန်တဲ့ ရာဇတ်မှု့ တွေလုပ်ခဲ့ပြီး မြောက်ကိုးရီးယားကအများဆုံးဖြစ်ခဲ့တယ်။
ပူဆန်ခံစစ်ကြောင်းတစ်လျှောက် မြောက်ကိုးရီးယားတွေ အဲကြိမ်ကြိမ်ထိုးစစ်ဆင်နေချိန်မှာတော့ မြောက်ကိုးရိးယားတပ်ရဲ့ နောက်ပိုင်းလုံခြုံရေးအားနည်းနေပါတယ်။ဒါကိုသိတဲ့ ဗိုလ်ချုပ်ကြီးမက်အာသာ ဟာ ပူဆန်က သူ့တပ်တွေကို ကြံ့ကြံ့ခံခိုင်းပြီး အနောက်ဘက်ပင်လယ်ပြင်ကနေ မြောက်ကိုးရီးယားရဲ့ထိုးစစ်ကို ခါးလယ်ကနေ ရိုက်ချိုးဖို့ပြင်ဆင်ခဲ့တယ်။မက်အာသာ မျက်စိကျသွားတဲ့နေရာကတော့ ဆိုလ်းမြို့တော်အနီးက အင်ချုံဆိပ်ကမ်းမြို့လေးပဲဖြစ်ပါတယ်။မြောက်ကိုးရီးယားတပ်က ဆိုလ်းမြို့မှာပဲ အခြေပြုထားလို့ ဆိပ်ကမ်းမှာအားနည်းနေပါတယ်။မက်အာသာက ရသမျှမိုးလေ၀ါသသတင်းတွေကို စုစည်းပြီး ကမ်းတက်မဲ့ရက်ကို ရွေးနေသလို သူ့တပ်ဟာ မြောက်ကိုးရီးယားတပ်မ ကို အာရုံလွှဲဖို့အတွက် အခြားမြို့တွေကို ဗုံးကြဲနေစေခဲ့တယ်။
၁၉၅၀ စက်တင်ဘာ၁၀ရက်နေ့ မှာတော့ အမေရိကန်ဗုံးကြဲလေယဉ် ၄၃စီးဟာ မီးလောင်ဗုံး ၉၃လုံး အင်ချုံဆိပ်ကမ်းပေါ်ကို ကြဲချလိုက်ပါတယ်။စက်တင်ဘာ၁၂ရက်နေ့မှာတော့ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့တဲ့  စစ်ရေယာဉ်အုပ်စုကြီးဟာ အမှတ်၁၀ အထူးတပ်မကြီး၊အမှတ်၁မရိမ်းတပ်မ၊အမှတ်၇ ခြေလျင်တပ်မ စုစုပေါင်းအင်အား ၄သောင်းကျော်နဲ့ တောင်ကိုးရီးယား စစ်သား၈၆၀၀ကျော် အပါအ၀င်လက်ရုံးတပ်ဖွဲ့အများအပြားကို သယ်ဆောင်ကာအင်ချုံဆိပ်ကမ်းကို ဦးတည်ချီတက်ပါတယ်။စက်တင်ဘာ၁၂၇က်နေ့ညမှာတော့ ဆိပ်ကမ်းနားကိုရောက်ပြီးညလုံးပေါက် အမြောက်တွေနဲ့ပစ်ခတ်ပါတော့တယ်။အဲ့ဒီပစ်ခတ်မှု့ ကြောင့် မြောက်ကိုးရီးယားက စစ်သားတွေသာမက တောင်ကိုးရီးယားအရပ်သားရာနဲ့ချီပြီး သေဆုံးခဲ့ရတယ်။အမေရိကန်ရဲ့သမိုင်းမှာတော့ နော်မန်ဒီကမ်းတက်တိုက်ပွဲပြီးရင်အကြီးဆုံးကမ်းတက်တိုက်ပွဲအဖြစ် မှတ်တမ်းတွင်ခဲ့ပါတယ်။
အင်ချုံမှာ ကမ်းတက်ခဲ့တဲ့ အမေရိကန်တပ်တွေဟာ ဆိုးလ်မြို့တော်ကို ဆက်လက်ချီတက်ခဲ့ပါတယ်။စက်တင်ဘာ၂၅ရက်နေ့မှာ တော့ ဆိုလ်းမြို့ကို သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းကမ္ဘာကို ကြေငြာခဲ့တယ်။
ပွဲကို ထိုင်ကြည့်နေတဲ့ ရုရှား နဲ့ တရုတ်ဟာ ပူဆန်မှာကျွံနေတဲ့ တပ်တွေကိုပြန်ခေါ်ဖို့ သတိပေးလာတာကြောင့် မြောက်ကိုးရီးယားအစိုးရ က အဆိုပါတပ်တွေကို မြောက်ဘက်ကို ဖြစ်သည့်နည်းနဲ့ အမြန်ဆုံးပြန်ဆုတ်လာဖို့ အမိန့်ပေးလိုက်ပါတော့တယ်။မြောက်ကိုးရီးယားတပ်တွေပူဆန်ကပြန်ဆုတ်ကြတဲ့အခါမှာ အမေရိကန်က ဆုတ်သွားတဲ့တပ်နောက်က ထပ်ကြပ်မကွာလိုက်တိုက်ပါတော့တယ်။ဆုတ်ခွာရာလမ်းတစ်လျှောက်ဗုံးလိုက်ကြဲတာမို့ မြောက်ကိုးရီးယားတပ်သား ၃၅၀၀၀ခန့် ကျဆုံးကျန်ရစ်ခဲ့ပါတယ်။ဆိုလ်းကို ရောက်နေတဲ့ အမေရိကန်တပ်တွေဟာ နိုင်ကြက်ဖြစ်နေတာမို့ မြောက်ကိုးရီးယားနယ်ထဲကို တက်တိုက်ချင်နေပါတယ်။မက်အာသာ ကိုယ်တိုင်ကလည်း မြောက်ကိုးရီးယားကိုဆုံးမမဲ့အကြောင်း အမေရိကန်ကွန်ဂရက်ကို တင်ပြခဲ့ပေမဲ့ ရုရှား တရုတ် တို့စစ်ထဲပါလာမှာ စိုးတဲ့အတွက် ကွန်ဂရက်က ခွင့်မပြုခဲ့ဘူး။အမေရိကန်သမ္မတ ထရူးမင်းကိုယ်တိုင်ကလည်း နယ်ခြားမျဉ်းဖြစ်တဲ့ ၃၈ မျဉ်းပြိုင်ကို မကျော်မိစေဖို့ အမေရိကန်စစ်တပ်ကို မကြာခဏသတိပေးနေရတယ်။စက်တင်ဘာ ၃၀ရက်နေ့မှာတော့ ၃၈ မျဉ်းပြိုင်ကို ကျော်မလာဖို့ တရုတ်ပြည်က အမေရိကန်တွေကို တရားဝင်သတိပေးလိုက်ပါတယ်။
စက်တင်ဘာ၂၉ရက်နေ့မှာ အမေရိကန်တွေသိမ်းပိုက်ထားတဲ့ဆိုလ်းမြို့တော်မှာ တောင်ကိုးရီးယား အစိုးရပြန်လည်ဖွဲ့စည်းပါတယ်။အောက်တိုဘာ၉ရက်နေ့မှာ ဆန်မန်ဟီးပဲ သမ္မတပြန်ဖြစ်လာပြီး စစ်အတွင်း ကွန်မြူနစ်သတင်းပေးတွေ၊ဘက်တော်သားတွေကိုဖော်ထုတ်ပြီး တရားလက်လွတ်သေဒဏ်တွေပေးပါတော့တယ်။ထင်ရှားတဲ့ဖြစ်စဉ်က မြောက်ကိုးရီးယားအလိုတော်၇ိ အရပ်သား၁၂၃ယောက်ကို ဂိုယန်မြို့က ကျောက်ဂူတစ်ခုမှာ တစ်ပြိုင်နက် သတ်ပစ်လိုက်တဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။၁၉၅၀ အောက်တိုဘာလထဲမှာဘဲ နောက်ထပ်အရပ်သား၄၆၀ကို နမ်ယန်ဂျူ  မြို့မှာ သတ်ပစ်လိုက်ပြီး အသတ်ခံရတဲ့အထဲမှာ ၁၀နှစ်အောက် ကလေး၂၃ယောက်ပါဝင်ခဲ့ပါတယ်။
အမေ၇ိကန်အစိုးရဟာ ၃၈မျဉ်းပြိုင်ကို မကျော်မိစေဖို့ သတိထားနေပေမဲ့ အမေရိကန်နဲ့ တောင်ကိုးရီးယား စစ်သားတွေကတော့ ကျဆုံးသွားတဲ့ရဲဘော်ရဲဘက်တွေအတွက် ရေဆုံးရေဖျား လက်စားချေချင်နေပါတယ်။အောက်တိုဘာ၁ရက်နေ့မှာ ဆုတ်ခွာသွားတဲ့မြောက်ကိုးရီးယားကိုလိုက်တိုက်ရင်း အမေရိကန်နဲ့တောင်ကိုးရီးယားတပ်တွေဟာ မြောက်ကိုး၇ီးယားနယ်ထဲကို ကျွံဝင်သွားပါတော့တယ်။အမေရိကန်တွေက လိုက်စစ်ကို တန့်လိုက်ပေမဲ့ တောင်ကိုးရီးယားတပ်တွေက အမေ၇ိကန်မပါဘဲ ဆက်လိုက်သွားကြပါတယ်။အောက်တိုဘာ၇ ရက်နေ့မှာတော့ မက်အာသာရဲ့တပ်တွေဟာ ၃၈မျဉ်းပြိုင်ကို ကျော်ကုန်ကြပြီဖြစ်ပါတယ်။မြောက်ကိုးရီးယားစစ်ရာဇ၀တ်ကောင်တွေကို လိုက်ဖမ်းဖို့နဲ့ အမေရိကန်စစ်အကျဉ်းသားတွေကို ပြန်ကယ်တင်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အမေရိကန်တပ်တွေအကုန်လုံး မြောက်ကိုးရီးယားနယ်ထဲကို တပြိုင်နက်တည်းကျော်ဝင်လာကြပါတယ်။ဒီကိစ္စနဲ့ပက်သက်ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အငြင်းပွားနေကြပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာမပေးနိုင်ဖြစ်ခဲ့ရတယ်။
အဲ့ဒီအချိန်မှာဘဲ အမေ၇ိကန်အမှတ်၁၀ အထူးတပ်မကြီးဟာ မြောက်ကိုးရီးယားနယ်ထဲမှာပွဲကြမ်းနေပြီးဖြစ်သလို အမှတ် ၁၈၇ လေကြောင်းချီတပ်မဟာကလည်း မြို့ငယ်လေးတွေကို စီးထားပြီဖြစ်လေသည်။အောက်တိုဘာ၁၉ရက်နေ့မှာတော့ပူဆန်ခံစစ်ကြောင်းမှာ အထိနာခဲ့တဲ့ အမေရိကန်အမှတ်၈ တပ်တော်ဟာ ပြုံယမ်းမြို့တော်ကို အငြိုးတကြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပါတော့တယ်။တရုတ်ကွန်မြူနစ်ပါတီရဲ့ ရန်သူမှန်သမျှကို ဗြောင်တစ်မျိုး ကွယ်ရာတစ်မျိုး ထောက်ပံ့နေတဲ့ အမေ၇ိကန်တွေကို တရုတ်တွေငြိုးနေတာ ကြာပါပြီး။ဒါပေမဲ့ စစ်အင်အား လက်နက်အင်အား ကွာနေတာမို့ အမေ၇ိကန်နဲ့ စစ်ဖြစ်မဲ့အရေးကို တရုတ်တွေ လက်ရှောင်နေခဲ့တယ်။အောက်တိုဘာလထဲမှာ မြောက်ကိုးရီးယားနယ်ထဲကို အမေရိကန်တွေဝင်လာပြီးဖြစ်တာမို့ ကင်မ်အီဆွန်းဟာ တရုတ် နဲ့ ရုရှား ကို အရေးတကြီးအကူညီလှမ်းတောင်ပါတော့တယ်။၇ုရှားကတော့ ပြည်တွင်းရေးမငြိမ်သက်မှု့ တွေနဲ့အတူ အမေရိကန်ကို စစ်မတိုက်ချင်သေးတာမို့ တိုက်ရိုက်အကူတော့မပေးနိုင်ကြောင်းငြင်းဆန်လိုက်ပါတယ်။
တရုတ်ဝန်ကြီးချုပ် ချု အင်လိုင်း ကတော့ အမေရိကန်တွေကို ဆုံးမဖို့လိုကြောင်း မော်စီတုံးကို အရေးဆိုပါတယ်။မော်ဟာ အောက်တိုဘာ ၂ရက်ကနေ ၅ရက်နေ့အထိ ကွန်မြူနစ်ပါတီ ဗဟိုညီလာခံကို ဆင့်ခေါ်ကာ ဆွေးနွေးကြတဲ့အခါမှာ ပါတီပေါလစ်ဗျူ ရို မှာ တစ်ချို့က စစ်တိုက်ချင်သလို တစ်ချို့က လည်း သဘောမတူပြန်ဘူးဖြစ်ခဲ့တယ်။၁၉၅၀ အောက်တိုဘာ ၈ရက်နေ့မှာ မော် ဟာ တရုတ်ခေါင်းဆောင်တွေနဲ့အတူ မော်စကို ကို သွားပြီး စတာလင်ရဲ့သဘောထားကိုမေးမြန်းပါတယ်။စတာလင်က မြောက်ကိုးရီးယားအရေးမှာလက်နက်ပဲထောက်ပံ့နိုင်မှာဖြစ်ပြီး တကယ်လို့ အမေရိကန်တွေက တရုတ်ပြည်ကို တိုက်လာမယ်ဆိုရင်တော့ စစ်ရေးအရ အကူညီပေးမှာဖြစ်တယ်လို့ နှုတ်ကတိပေးလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ မော်စီတုံးဟာ ချူ အင်လိုင်းရဲ့ အဆိုကို အတည်ပြုလိုက်ပြီး တရုတ်ပြည်သူ့လွပ်မြောက်ရေးတပ်မတော် PLA ၇ဲ့ အရှေ့မြောက်စစ်ဒေသက တပ်တွေကို (People's volunteer Army PVA)အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ချူအင်းလိုင်းရဲ့ လက်အောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။နာမည်ပြောင်းလိုက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ဒီတပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်ပါတီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့မဆိုင်ဘဲ မြောက်ကိုးရီးယားဘက်တော်သားတရုတ်လူမျိုးတွေက စစ်ကူပေးတဲ့သဘောမျိုး သက်ရောက်စေတာဖြစ်ပါတယ်။တကယ်တော့အဆိုပါတပ်တွေဟာ တ၇ုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့တပ်တွေသာဖြစ်ပြီး တရုတ် အမှတ်၃၈တပ်တော်၊အမှတ် ၃၉၊အမှတ်၄၀၊အမှတ်၄၂၊အမှတ်၅၀ နဲ့ အမှတ်၅၆ တပ်တော်တို့ပါဝင်ကာ အင်အား ၂၅၀,၀၀၀ ကျော်ပါဝင်ပါတယ်။
ချူအင်လိုင်းရဲ့တပ်ဟာ မန်ချူးဒေသထဲကနေ မြောက်ကိုးရီးယားနယ်ထဲကို စိမ့်ဝင်လာပြီး ၂၈၆မိုင်ရှည်တဲ့ခရီးကို ၁၉ရက်တည်းနဲ့ အရောက်ချီတက်ခဲ့ပါတယ်။အမေရိကန်လေယာဉ်တွေ့ရင်မြေပြင်မှာ ရုပ်ဖျက်ချီတက်ပြီး လေယာဉ်မတွေ့ရင် ဆက်လက်ချီတက်ကြပါတယ်။တရုတ်တပ်တွေ မြောက်ကိုးရီးယားထဲဝင်လာပြီးဆိုတာကို အမေရိကန်တွေမသိကြဘူး။ဒီအတောအတွင်း အမေရိကန်တွေကလည်း မြောက်ကိုးရီးယားကို ဗြောင်တိုက်ပြီး တမြို့ပြီး တမြို့ကို သိမ်းနေပါတယ်။
အမေရိကန်သမ္မတထရူမင်းက ဗိုလ်ချုပ်ကြီးမက်အာသာကို ပစီဖိတ်သမုဒ္ဒရာထဲက ၀ိတ်ကျွန်းမှာတွေ့ဆုံပြီး တရုတ်တပ်တွေနဲ့စစ်ဖြစ်နိုင်ကြောင်းသတိပေးပေမဲ့ ဗိုလ်ချုပ်ကြီးက ဂရုမစိုက်ပါဘူး။
"ဒီကောင်တွေ လေကြောင်းအရေးမသာဘဲ ကျုပ်တို့ကိုလာတိုက်ရင် မသာပေါ်ကုန်မှာပေါ့် လို့" ရယ်သွမ်းသွေးခဲ့တယ်။အဲ့ဒီအချိန်မှာဘဲ မြောက်ကိုးရီးယားထဲကို တိတ်တစ်ဆိတ်ဝင်ရောက်ပြီး ဖြစ်တဲ့တရုတ်တပ်တွေဟာ အောက်တိုဘာ၁၉ရက်နေ့မှာတော့ ရာလူးမြစ်ကို ဖြတ်ပြီး အမေရိကန်နဲ့တောင်ကိုးရီးယားတပ်တွေကို စတင်တိုက်ခိုက်ပါတော့တယ်။
ကိုးရီးယားစစ်ပွဲ..၎
~~~~~~~~~
အော်က်တိုဘာ ၂၅ရက်နေ့ မနက်မှာတော့ ရာလူးမြစ်ကိုဖြတ်ပြီးချီတက်လာတဲ့ တောင်ကိုးရီးယား အမှတ်၃တပ်ရင်းကို အသင့်စောင့်နေတဲ့တရုတ်တွေက ၀ိုင်းတိုက်ပါတော့တယ်။တောင်ကိုးရီးယားတွေက ပထမမြောက်ကိုးရီးယားတွေထင်ပြီးတိုက်ကြပေမဲ့ တရုတ်တွေဖြစ်နေမှန်းလည်းသိရောပြေးကြပါတော့တယ်။တရုတ်တပ်ဟာ ၂၆ရက်နေ့မှာ အွန်ဂျွန်မြို့ကို ၀င်တိုက်ပါတယ်။မြို့မှာရှိနေတဲ့ တောင်ကိုးရီးယားတပ်ရင်းဟာ မိနစ်၃၀ပြည့်အောင် တောင် မခုခံတော့ဘဲ ထွက်ပြေးကြတာကြောင့် အွန်ဂျွန်မြို့ကျသွားပါတယ်။တောင်ကိုးရီးယားတပ်သားအများပြားကျဆုံးခဲ့ကြသလို အမေရိကန်စစ်အကြံပေးအရာရှိတွေလည်းအဖမ်းခံလိုက်ရတယ်။အဲ့လိုနဲ့ အောက်တိုဘာ၂၅ကနေ အောက်တိုဘာ၂၉ရက်နေ့အထိ ကြာတဲ့တိုက်ပွဲမှာ အရာရှိ၈၇၃ယောက်၊တပ်သား၃၅၅၂ယောက်ကို တရုတ်တပ်တွေဖမ်းမိခဲ့တယ်။အဲ့ဒီထဲမှာ အမေရိကန်အကြံပေးအရာရှိ ဗိုလ်မှူးဟယ်ရီဖလီးမင်းလည်း ပါသွားပါတယ်။
နိုဝင်ဘာ၁ရက်နေ့မှာတော့ တရုတ်အမှတ်၃၉တပ်မကြီးဟာ အန်ဆန်မြို့ကိုဆက်လက်ချီတက်ပါတယ်။အန်ဆန်မြို့ကိုတော့ အမေရိကန်ခြေမြန်တပ်ရင်း၈က တပ်စွဲထားတာမို့ တရုတ်တပ်မကြီးဟာ စစ်ကြောင်း၃ကြောင်းခွဲပြီး ကျားတက်ထိုးပါတယ်။မြို့ရဲ့အရှေ့ဘက် မြို့ရဲ့အနောက်ဘက် နဲ့ မြို့ရဲ့အနောက်တောင်ဘက် စတဲ့ နေ၇ာဒေသအသီးသီးကနေ ချဉ်းကပ်လာနေပြီးဖြစ်ပါတယ်။နိုဝင်ဘာ၁ရက်နေ့ညနေ ၅နာရီမှာတော့ တရုတ်တပ်က စတင်ပစ်ခတ်ပါတယ်။၂ဘက်စလုံးမီးကုန်ယမ်းကုန်တိုက်ခိုက်ကြပြီး အင်အားကြီးတဲ့တရုတ်တွေက တဖြည်းဖြည်းအရေးသာလာခဲ့တယ်။စစ်ကူလိုက်လာတဲ့တောင်ကိုးရီးယားအမှတ်၁၅တပ်ရင်းကတော့ လမ်းမှာတင်ချုံခိုခံရတာကြောင့် အကျဆုံးများစွာနဲ့နောက်ပြန်ဆုတ်သွားခဲ့ရတယ်။တဖြည်းဖြည် အမေရိကန်ခြေမြန်တပ်ရင်း၈ ဟာ ကျဉ်ဆံကုန်သလောက်ဖြစ်သွားပြီး ဆုတ်ဖို့အတွက် အတင်းဖောက်ထွက်ရပါတော့တယ်။နောက်ဆုံးမြို့ထဲက ထောက်ပံ့ရေးပစ္စည်းမှန်သမျှကို ဖျက်စီးပစ်ခဲ့ပြီး အတင်းဖောက်ထွက်ခဲ့ရတယ်။အဲ့ဒီတိုက်ပွဲမှာ အမေရိကန် ၁၁၄၉ယောက်ကျဆုံးပြီး တောင်ကိုးရီးယား ၅၃၀ နဲ့ မြောက်ကိုးရီးယား ၆၀၀ခန့်ကျပါတယ်။
တရုတ်တွေဝင်လာတဲ့အခါ မက်အာသာ က သူ့လူတွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ခရစ်စမတ်အမှီအိမ်ပြန်မယ်လို့ကြွေးကျော်ခဲ့တယ်။ အဲ့ဒီ Home by X' mas ကြွေးကျော်သံဟာ စစ်သည်တွေကြားမှာအလွန်ရေပန်းစားခဲ့ပြီး သဘောကတော့ ဒီဇင်ဘာမတိုင်ခင် မြောက်ကိုးရီးယား ကို အပြီးသိမ်းပြီးအိမ်ပြန်မယ်ပေါ့်ဗျာ။သို့သော် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါ။အမေရိကန်တွေဟာ စစ်လက်နက်နဲ့တစ်ဦးချင်းစစ်သည်စွမ်းရည်မှာ သာပေမဲ့ လာတိုက်တဲ့နေရာဟာ မက္ကဆီကိုနယ်စပ်မဟုတ်ဘူး။ကိုးရီးယားကျွန်းဆွယ်အတွင်းပိုင်းထဲက နေရာပါ။နယ်မြေကျွမ်းကျင်မှု့ ၊စိတ်ဓာတ်၊အကြမ်းပတမ်းခံနိုင်မှု့  စတဲ့နေရာတွေမှာတော့ တောခိုကြီးပြင်းလာကြတဲ့ကွန်မြူနစ်တွေကို မယှဉ်နိုင်ပါဘူး။တရုတ်တွေဟာ တိုက်ပွဲတစ်ခုပြီးတာနဲ့ သူတို့ရဲ့တပ်ကြီးကို အံ့သြစွာတပ်ဖျောက်ထားနိုင်ခဲ့တာကြောင့် အမေရိကန်လေယာဉ်တွေဟာ ပစ်မှတ်ရှာမရဖြစ်နေခဲ့တယ်။ပြင်းထန်လွန်းတဲ့မြောက်ပိုင်းဆောင်းဥတုနဲ့ ထူထဲလှတဲ့ဆီးနှင်းကျဆင်းမှု့ တွေဟာ လေယာဉ်တွေအတွက် အနှောင့်ယှက်ဖြစ်နေခဲ့ရတယ်။
နိုဝင်ဘာ၂၄မှာ တောင်ကိုး၇ီးယား တပ်တွေဟာ တရုတ်တပ်တွေကို အလုံးအရင်းနဲ့သွားတိုက်ပါတယ်။ဒါပေမဲ့အင်အားသာတဲ့တရုတ်ရဲ့တိုက်လွှတ်မှု့ ကြောင့်အကျဆုံးများစွာနဲ့ပြန်ဆုတ်လာခဲ့ရတယ်။တပ်တစ်ခုလုံးပြုတ်ပြုတ်ပြုန်းသွားပြီး အကောင်းပကတိစစ်သားအနည်းသာကျန်ပါတော့တယ်။အဲ့လိုနဲ့တရုတ်တပ်တွေဟာ တော့ချွန်မြို့ကိုသိမ်းပိုက်လိုက်ပြီး မြို့ပတ်ပတ်လည်မှာ နေရာယူခဲ့ကြတယ်။တိုက်ပွဲတွေဟာ ချောင်းချွန်မြစ်တစ်လျှောက်ဆက်လက်ဖြစ်နေပြီး တရုတ်တပ်တွေဟာ မြောက်ကိုးရီးယား နည်းအတိုင်းနေ့ပိုင်းမှာတပ်ဖျောက်ပြီး ညပိုင်းမှဝင်တိုက်တာမို့ အမေရိကန်တွေအခက်တွေ့နေပါတယ်။နိုဝင်ဘာ၂၆ရက်နေ့မှာတော့ ခြေလျင်တပ်ရင်း၂၃ရဲ့ ယာယီဌာနချုပ်ကျသွားခဲ့ရပြီး ခြေလျင်တပ်ရင်း၉ ဟာ ခပ်ယဲ့ယဲ့သာကျန်ပါတော့တယ်။နိုဝင်ဘာ၂၇ရက်နေ့မှာတော့ အမေရိကန်အမှတ်၂တပ်မကြီးတစ်ခုလုံး ဆုတ်ခွာနေရပြီး ဆုတ်ခွာရာလမ်းတစ်လျှောက် တရုတ်အမှတ်၁၁၈တပ်မက လိုက်တိုက်တာမို့ အကျဆုံးများနေပါတယ်။တရုတ်တပ်သားတွေဟာလမ်းဘေးကနေ ဘွားကနဲပေါ်လာကာအသေခံဗုံးခွဲတက်ကြသလို တင့်ကားတွေအပေါ်အသေခံအတင်းပြေးတက်ပြီး လူဝင်ပေါက်ကနေ လက်ပစ်ဗုံးပစ်ထဲ့ကြလို့ အမေရိကန်တွေ ဘယ်လိုရင်ဆိုင်ရမယ်မသိဖြစ်နေပါတယ်။
တရုတ်တပ်တွေဟာလက်နက်အင်အားမကောင်းပေမဲ့ လူအင်အားများတာကြောင့် လူလှိုင်းစစ်ဆင်ရေးတွေလုပ်လာပြီး တရုတ်တပ်သားများစွာဟာ ကျဉ်ဆံတွေပလူပျံနေတဲ့ကြားက အသေခံကျားတက်ထိုးကြပါတယ်။အသေခံဗုံးခွဲသမားတွေကလည်းအရေးကြီးတဲ့အမြောက်စခန်းတွေ အုပ်ချုပ်မှု့ နေရာတွေ တင့်ကားတွေနဲ့ လူအုပ်တွေကြားထဲကို အတင်းတိုးဝင်ဖောက်ခွဲပစ်တာမို့ အမေရိကန်တွေစိတ်ဓာတ်ချောက်ချားလာခဲ့ရတယ်။နိုဝင်ဘာ၂၇ရက်နေ့မှာတော့ အမေရိကန်ဗိုလ်ချုပ်တွေက တပ်တွေကိုရှေ့တက်ခိုင်းနေပေမဲ့ မြေပြင်မှာတော့ နောက်ကိုပဲဆုတ်နေတယ်။ခြေလျင်တပ်ရင်း၂၄ဆိုရင် တပ်ပျက်သွားပြီး ဌာနချုပ်နဲ့လုံးဝအဆက်သွယ်ပျက်သွားပါတော့တယ်။နိုဝင်ဘာ၂၇ရက်နေ့မှာပဲ ကုလသမဂ္ဂလက်အောက်ခံတပ်ဖြစ်တဲ့ တူရကီတပ်မဟာကို တရုတ်အမှတ်၃၄၂တပ်ရင်းကြီးက ၀င်တိုက်လို့ လူ၄၀၀ကျော်ကျဆုံးခဲ့တယ်။တိုက်ပွဲနေရာကနေ ဆုတ်နေတဲ့တူရကီတပ်ကို တရုတ်တွေက လမ်းမှာချုံခိုတိုက်ကြပြန်တာမို့ လူ၅၀၀၀နီးပါးရှိတဲ့ တူရကီတပ်မဟာလည်း လုံးဝပျက်သွားပါတော့တယ်။အဲ့လိုနဲ့ပဲ အမေရိကန်တွေ တစ်တိတိ ကျဆုံးနေသလို တရုတ်တပ်တွေကလည်းအကျဆုံးများနေပါတယ်။ဒါပေမဲ့ တရုတ်တွေကအင်အားများနေတာကြောင့် တစ်ယောက်ကျရင် နှစ်ယောက်တက်လာတာကြောင့် အမေရိကန်တွေသွေးပျက်လာပါတော့တယ်။နိုင်ဘာ၂၉ရက်နေ့ တိုကျို မှာလုပ်တဲ့အစည်းဝေးမှာတော့ ဗိုလ်ချုပ်ကြီးမက်အာသာ ဟာ သူ့တပ်တွေရဲ့အခြေနေကိုသိလာပြီးဖြစ်တဲ့အတွက် တောင်ကိုးရီးယား နယ်ထဲကိုဆုတ်မိန့်ပေးလိုက်ပါတော့တယ်။
ဆုတ်မိန့်ရသွားပေမဲ့ တပ်တွေဟာ မြောက်ကိုးရီးယား ထဲကို အတော်ကြီးကျွံဝင်နေပြီဖြစ်တာမို့ ဆုတ်ခွာဖို့ခက်ခဲနေပါပြီး။တရုတ်နဲ့မြောက်ကိုးရီးယားတပ်တွေကလည်း အမေရိကန်တပ်တွေကို ၀ိုင်းမိနေကြပြီးဖြစ်သလို မြောက်ကိုးရီးယားမြို့တိုင်းမှာလည်း မြောက်ကိုးရီးယား တွေက ခံစစ်ပြင်ထားတာဖြစ်တဲ့အတွက် အမေရိကန်တွေအကျပ်ရိုက်နေပါတယ်။ဒါ့အပြင်တရုတ်တပ်တွေဟာလည်း ဆုတ်လမ်းတစ်လျှောက်မှာတပ်စွဲထားပြီဖြစ်လို့ လမ်းကြောင်းအတိုင်းသာဆုတ်ခဲ့ရင် ၃၈မျဉ်းပြိုင် နယ်ခြားမျဉ်းကို မရောက်ခင် တပ်တွေအကုန်လုံးတစ်ယောက်မကျန်ချေမှုန်းခံရမှာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ဗိုလ်ချုပ်တွေဟာနည်းဗျူ ဟာပြောင်းလိုက်ရပါတယ်။ကုန်းတွင်းလမ်းကိုမသုံးတော့ဘဲပိတ်မိနေတဲ့တပ်တွေအားလုံး အနီးဆုံးအနောက်ဘက်ကမ်းခြေကိုဆုတ်ခွာရမှာဖြစ်ပြီး အဆိုပါကမ်းခြေကို အမေ၇ိကန်ရေတပ်မတော်က စစ်သဘောင်္တွေကလာပြီး ကယ်ထုတ်မဲ့နည်းကို အသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။တပ်တွေကိုအနီးဆုံးပင်လယ်ဆိပ်ကမ်းကိုဆုတ်လာဖို့အမိန့်ပေးသလို တင့်ကားတွေ အမြောက်တွေပါတဲ့ ပင်မစစ်ကြောင်းကြီးကိုတော့ ရေနက်ဆိပ်ကမ်းရှိရာ ဟန်နမ်မြို့ကို ဆုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီဇင်ဘာ ၄ရက်နေ့မှာတော့ အမေရိကန်တပ်အားလုံးခွာစစ်ဆင်နေကြပြီး တရုတ်တပ်တွေကလည်းအတင်းလိုက်ပိတ်နေပါတော့တယ်။နောက်ပိတ်ဖြစ်တဲ့အမေရိကန်အမှတ်၂တပ်မကတော့ တရုတ်တပ်တွေဝိုင်းတိုက်တာခံရလို့ ထောက်ပံ့ရေးယာဉ်တွေကို ပစ်ထားခဲ့ရပြီး ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတော့တယ်။
ဒီဇင်ဘာ၁၁ရက်နေ့ည ၉နာရီမှာတော့ တပ်တွေအားလုံးဆိပ်ကမ်းကိုရောက်လာခဲ့ကြပြီး နောက်ကတောက်လျှောက်လိုက်လာတဲ့တရုတ်နဲ့မြောက်ကိုးရီးယားတပ်တွေကို ခြေလျင်တပ်ရင်း အမှတ်၇,အမှတ်၁၇,အမှတ်၆၅ နဲ့အမှတ်၁၀တပ်မကြီးတွေက ခံစစ်ဆင်ထားပါတယ်။တရုတ်တွေတက်လာတဲ့လမ်းကြောင်းမှန်သမျှကို အမြောက်နဲ့ကာပစ်ပေးထားပြီး တပ်တွေကိုအသုတ်လိုက် ကုန်သဘောင်္တွေကို ခေါ်ထုတ်သွားပါတယ်။ဒီခွာစစ်ဟာ အမေရိကန်သမိုင်းမှာ အကြီးဆုံးရေတပ်ခွာစစ်ကြီးဖြစ်ပြီး အမေရိကန် တောင်ကိုးရီးယား စစ်သား တစ်သိန်းငါးထောင်ကျော်နဲ့ ကိုးရီးယား အ၇ပ်သားဒုက္ခသည် ၁၄၀၀၀၊တင့်ကားနဲ့အခြားယာဉ် ၁၇၅၀၀စီး၊စစ်ပစ္စည်းတန်ချိန် ၃သိန်းခွဲကျော်ကို စစ်သေဘာင်္၁၃၉စီးနဲ့ ကယ်ထုတ်သွားတာဖြစ်ပါတယ်။
ဒီဇင်ဘာ၂၄ရက်နေ့ညနေမှာ အပြီးဆုတ်ခွာခဲ့ပြီး ဆိပ်ကမ်းကိုအသုံးပြုလို့မရအောင် ဖောက်ခွဲခဲ့ပါတယ်။ဒီဇင်ဘာ၂၅ရက်နေ့မှာတော့ တရုတ်နဲ့မြောက်ကိုးရီးယားတပ်တွေ ဟန်နမ်မြို့ကိုဝင်လာပြီး အမေရိကန်တွေကိုကူညီခဲ့တဲ့ဆိပ်ကမ်းနေ အရပ်သားတွေကို သေဒဏ်ပေးခဲ့တယ်။ဒီတိုက်ပွဲမှာ အမေရိကန် တူရကီ ဗြိတိသျှ တောင်ကိုးရီးယား စုစုပေါင်းစစ်သား၂၅၄၅၇၁ယောက် တိုက်ခဲ့ပြီး တရုတ် ၂၃၀၀၀၀ကျော်နဲ့မြောက်ကိုးရီးယားတပ်မကြီးတို့ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။အမေရိကန်တွေဘက်က ၁၁၀၀၀ယောက်ကကျော်သေဆုံးပြီး တရုတ်ဘက်က ခန့်မှန်းခြေ၂သောင်းခန့်ကျဆုံးပါတယ်။အမေရိကန်သမ္မတထရူမင်းဟာ ဒီဇင်ဘာ၁၆ရက်နေ့မှာတော့ အမျိုးသားအရေးပေါ် အခြေနေအဖြစ်ထုတ်ပြန်ကြေငြာပြီး တစ်နိုင်ငံလုံးကို တပ်လှန့်ခဲ့ပါတယ်။
မှတ်ချက်။ စစ်၏ ဆိုးကျိုး၊သေဆုံးခဲ့သောလူဦးရေ စတဲ့ လူ့အသက်ပေါင်းများစွာကိုရေတွက်ကြည့်မယ်ဆိုရင် နှမျောစရာလူသားတွေပဲ။ဘာအတွက်လဲ?
ဘာကြောင့်အဲ့လောက်သေတဲ့အထိတိုက်ရတာလဲ?
ဘာတွေများရလာမှမို့လဲ?
ဘယ်သူ့ကို ကာကွယ်ဖို့တိုက်တာလဲ?
မိုင်းပေါင်းသောင်းချီဝေကွားတဲ့ ပစီဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်တွေ ကိုးရီးယားမြေပြင်ပေါ်မှာ လာသေပေးနေတာ ဘာကြောင့်လဲ?
ဘာ့အတွက်လဲ?
ထို့အတူ ဗီယက်နမ်?
ထို့အတူ အီရတ်
ထို့အတူ ...........?
ကိုဆေးမှတ်တမ်းများမှ ပြန်လည်ကူးယူဖောက်သည်ချခြင်းသာဖြစ်၍ စစ်၏ ဆိုးကျိုးများကြောင့် အစိုးရသခင်ကိုယ်တော်မြတ်တွေရဲ့အမိန့်တွေအောက်မှာ လည်းစင်ခံနေရတဲ့ ပြည်သူ့ဘ၀တွေကို မြင်စေချင်ရုံသာဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
ပုံအညွန်းကို ကြည့်ပါ။သေသေချာချာကြည့်ပါ။ပုံအညွန်းကို။ဘာကြောင့်လဲဆိုတော့ တိုက်ကွင်းတစ်ခုလုံးကို ပုံကြည့်ပြီး စစ်ဆေးကြည့်မယ်ဆိုရင် တိုက်ပွဲနဲ့သဘောတရားတွေကိုနားလည်မှု့ ပိုလာနိုင်မယ်ထင်မိပါတယ်။
ကိုရီးယားစစ်ပွဲ...၅
~~~~~~~~~~
ကိုရီးယားနိုင်ငံ ၂ခြမ်းဘာကြောင့်ကွဲရတာလဲ?
အမေရိကန်ဟာဒုတိယကမ္ဘာစစ်မှာ ဟီရိုရှီးမားနဲ့ နဂါစကီကို အနုမြူ ဗုံးကြဲပြီးတဲ့နောက် ၁၉၄၅သြဂုတ်လ ၁၅ရက်နေ့မှာ ပစီဖိတ်သမုဒ္ဒရာထဲက အမေရိကန်စစ်သေဘာင်္ပေါ်မှာ ဂျပန်တွေ တရားဝင်လက်နက်ချသွားသလို အဲ့ဒီအချိန်မှာ ကိုး၇ီးယား နိုင်ငံကိုလည်းဂျပန်သိမ်းပိုက်အုပ်ချုပ်မှု့ ဟာ အဆုံးသတ်သွားခဲ့ရတယ်။ကိုရီးယားကျွန်းဆွယ်မှာ အဲ့ဒီအချိန် မဟာမိတ်တပ်တွေဝင်ထွက်သွားလာနေကြသလို ပြည်ပရောက်တော်လှန်ရေးအဖွဲ့စည်းတွေကလည်း ပြည်တော်ပြန်ဝင်လာခဲ့တယ်။နိုင်ငံသစ်တည်ဆောက်ရေးအတွက် အားလုံးတိုင်ပင်ဆွေးနွေးမှု့ တွေလုပ်နေတဲ့အချိန် မမျှော်လင့်တဲ့ အကြောင်းတစ်ခုက ဖန်လာခဲ့တယ်။အဲ့ဒါကတော့ စစ်အတွင်းမှာ မဟာမိတ်ဖွဲ့ခဲ့တဲ့ မဟာမိတ်အုပ်စုတွေအချင်းချင်း မကျေလည်မှု့ံတွေဖြစ်ခဲ့ရတယ်။
အဲ့ဒီအ ချိန် ကမ္ဘာ့ပါဝါ ဟာ စတင်ပခုံးပြောင်းလာတဲ့အချိန်ပဲဖြစ်ပါတယ်။နေမ၀င်အင်ပါယာရဲ့ ဘုန်းတန်ခိုးတွေဟာ လေထဲပျောက်ကွယ်နေပြီးဖြစ်သလို တစ်နေရာမှာတော့ ဘုန်းတန်ခိုးပါဝါ တိမ်ထုဟာ စတင်အခြေတည်နေခဲ့ပါတယ်။အဲ့ဒါကတော့ ကမ္ဘာ့အင်ပါယာ စူပါ ပါဝါ ဘွဲ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပခုံးပေါ်မှာ စတင်နားစပြုနေတဲ့အချိန်လည်းဖြစ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအရင်းရှင်နိုင်ငံတွေနဲ့ ရုရှားဦးဆောင်တဲ့ ကွန်မြူနစ်နိုင်ငံတွေဟာ ဘုံရန်သူ ဖက်ဆစ် ၀င်ရိုးစွန်းနိုင်ငံတွေမရှိတော့တဲ့ အခါမှာတော့ ၀ါဒရေးရာ အားပြိုင်မှု့ တွေဖြစ်လာခဲ့ကြရာကနေ ရန်စောင်လာကြပါတော့တယ်။ရုရှားဟာ သူတိုက်ယူထားတဲ့နယ်မြေမှာ သူ့ရဲ့ ကွန်မြူ နစ်ဝါဒရှင်သန်စေချင်သလို အမေရိကန်ကလည်း သူ့ရဲ့ ဒီမိုကရေစီကို ခေါင်းဆောင်နေရာထားချင်နေတယ်။အဲ့လိုနဲ့ ၀ါဒရေးရာအားပြိုင်မှု့ တွေကနေ ၇န်ဘက်ဖြစ်လာခဲ့ရပါတော့တယ်။
ကိုရီးယား ကျွန်းဆွယ်မှာလည်း မြောက်ဘက်တစ်ခြမ်းလုံးကို ရုရှားတပ်နီတော်တွေ တပ်စွဲထားသလို တောင်ဘက်တစ်ခြမ်းလုံးကို အမေ၇ိကန်က တပ်စွဲထားပါတယ်။ကိုရီးယားကျွန်းဆွယ်ဟာ စစ်ရေးအရ မဟာ ဗျူ ဟာမြောက်နေရာလည်းဖြစ်ပါတယ်။ဒါကြောင့် အမေရိကန်ရော ရုရှားပါ လက်မလွှတ်ခဲ့ကြဘူး။နောက်ဆုံးနှစ်ဖက်တပ်တွေ ဆိုင်တော့မဲ့ အနေထားထိရောက်လာခဲ့တယ်။သို့သော် စစ်ကို မလိုလားတဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး ဒိန်းရစ် ဟာ မြောက်ဘက်က ရုရှားတပ်မှူးကြီး ချူ ချာကောဗ့်ကို ဆက်သွယ်ပြီး တောင်နဲ့မြောက်၂ပိုင်းခွဲဖို့ အကြံပြုလိုက်ပါတယ်။ကိုးရီးယားတော်လှန်ရေးသမားတော်တော်များများဟာ အဲ့ဒီအချိန်မှာ ကွန်မြူနစ်တွေပါ။ဘာကြောင့်ကွန်မြူနစ်စနစ်ဟာ ကမ္ဘာ့ စင်မြှင့်ပေါ် စန်းတက်လာခဲ့ရတာလဲ?
အင်္ဂလန်ဟာ ၁၈ရာစုမှာ စက်မှု့ တော်လှန်ရေးအောင်မြင်ရာကနေ တဖြည်းဖြည်းအင်အားကြီးလာပြီး စီးပွားရေးလက်ဝါးကြီးအုပ်ရာကနေ ကျွန်ပြုသိမ်းပိုက်တဲ့ကိုလိုနီဝါဒကို ကမ္ဘာအနှံ့ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ်။စီးပွားရေးသမားအရင်းရှင်တွေရဲ့ ဂုတ်သွေးစုပ်မှု့ ကို အလူးအလဲခံရတာက ဒေသခံပြည်သူတွေပါ။အဲ့ဒီအချိန်မှာ ကွန်မြူ နစ်ဝါဒဟာ ပစ္စည်းမဲ့လူတန်းစား ပစ္စည်းမဲ့တော်လှန်ရေး အရင်းရှင်ဝါဒအပြုတ်တိုက်ရေး ဆိုတဲ့ ကြွေးကျော်သံတွေနဲ့ပွဲထွက်လာခဲ့တယ်။လီနင်ရဲ့ ဇာဘုရင်အစိုးရကို ဖြုတ်ချ ပြီး ရုရှားဟာ ကမ္ဘာစဉ်မြင့်ပေါ်မှာ ကြီး၁ကြီးအဖြစ်နေရာယူလာနိုင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ခေတ်အဆက်ဆက်ဆင်းရဲသားတွေရဲ့ဘ၀ဟာ ၀ါးပြီးသားကျံဖတ်ပမာ ကြေမွနေခဲ့တယ်။နိုင်ငံတော်ဆိုသည်မှာ ပြည်သူများဖြင့်ဖွဲ့စည်းထားသောအစုအဝေးကိုခေါ်တာပါ။ထို့အတူ ပြည်သူဆိုတာတွေမှာလည်း ဆင်းရဲသားနင်းပြားဟာလူများစုပါ။ကိုလိုနီခေတ်ဆိုရင်တော့ သူဌေးသူကြွယ် လူလတ်တန်းစားကိုဖယ်လိုက်ရင် ကျန်သန်းပေါင်းများစွာသော လူထုဟာ အမွဲတကာ့ထဋ်ခေါင်ဖွတ်မင်းနောင်တွေပါပဲ။ဂုတ်သွေးစုပ်သူတွေရဲ့လုပ်ရပ်ကိုသိကြပေမဲ့ ခေါင်းဆောင်သူမရှိတဲ့အတွက် နိုးကြားမှု့ ကင်းမဲ့နေတဲ့ ပြည်သူဆင်းရဲသားနင်းပြားတွေဟာ ကွန်မြူ နစ်ဝါဒရဲ့ သဘောတရားရေးဆိုတာထက် ပစ္စည်းမဲ့စကားလုံးနဲ့ အရင်းရှင်ဝါဒအပြုတ်တိုက်ရေးစကားလုံးတွေကို သဘောခွေ့ပြီး ကွန်မြူ နစ်ဝါဒကို သက်ဝင်လာတာ မဆန်းပါဘူး။အရင်းရှင်ဂုတ်သွေးစုပ်သူတွေရဲ့ပရောဂကြောင့်ပါပဲ။
ကိုရီးယားတော်လှန်ရေးသမားတော်တော်များများဟာ ကွန်မြူ နစ်တွေဖြစ်တာမို့ ကိုရီးယားနိုင်ငံကိုလွတ်လပ်ရေးပေးလိုက်ရင် ကွန်မြူ နစ်နိုင်ငံဖြစ်သွားမှာကို ကျိမ်းသေ သိနေတဲ့ အမေရိကန်ဟာ ကိုရီးယားနိုင်ငံတည်ငြိမ်အေးချမ်းရေးအကြောင်းပြပြီး သူ့တပ်တွေကိုဆက်လက်တပ်စွဲထားပါတယ်။ကုလသမဂ္ဂကို ဖိအားပေးပြီး ကို၇ီးယားမှာ ဒီမိုကရေစီဆန်တဲ့ ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရသစ်ေ ပ်ါလာဖို့စတင်ကြိုးပမ်းပါတယ်။ဒါကို ရုရှားက လက်မခံပါ။မြောက်ပိုင်းမှာလည်းဘဲ ကိုရီးယားကွန်မြူ နစ်နိုင်ငံပေါ်ပေါက်လာဖို့အတွက် တော်လှန်ရေးအင်အားစုတွေကို ၀ါဒရေးရာသင်တန်းတွေပို့ချနေပြီဖြစ်ပါတယ်။
အဲ့ဒီလို၂ပိုင်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ မြောက်ကိုးရီးယား ဘက်ခြမ်းမှာ ရုရှားတွေဟာ ကွန်မြူ နစ်နိုင်ငံကို စိတ်ကြိုက်တည်ဆောက်သလို တောင်ကိုးရီးယား ဘက်ခြမ်းမှာလည်းအမေရိကန်တွေက ဒီမိုကရေစီနိုင်ငံကို တည်ထောင်ပါတယ်။အဲ့လိုပဲ တစ်ခုတည်းသော ကိုးရီးယားနိုင်ငံရေးသမား၊တော်လှန်ရေးသမားတွေဟာလည်း အုပ်စုနှစ်စုကွဲသွားပြီး သက်ဆိုင်ရာ ၀ါဒအလိုက်ပြောင်းရွေ့သွားကြတယ်။သို့သော် ကျနော်ရှေ့မှာတင်ပြခဲ့သလိုပဲ အဲ့ဒီကာလမှာ ကွန်မြူ စန်ဝါဒဟာ ကမ္ဘာ့လူထုကြားမှာရေပန်းစားတာမို့ မြောက်ကိုးရီးယား ကိုအထင်ကြီးသူများပါတယ်။ဒါကြောင့် တောင်ကိုးရီးယား ကနေ မြောက်ကိုးရီးယား ကို ပြောင်းရွေ့ မှု့ တွေ အင်မတန်များခဲ့တယ်။
လွတ်လပ်ပြီးဖြစ်တဲ့မြောက်ကိုးရီးယားကတော့ ရုရှားရဲ့အထောက်အပံ့နဲ့ ကွန်မြူ နစ်ဝါဒအောက်မှာ တစ်သွေး၊တစ်သံ၊တစ်မိန့်ဖြစ်လာပါတယ်။ကင်မ်အီဆွန်းဟာ အနုနည်းအကြမ်းနည်းနှစ်မျိုးစလုံးသုံပြီး အာဏာရဖို့ လုပ်ဆောင်ခဲ့တယ်။ကင်မ်အီဆွန်းဟာ ကွန်မြူ နစ်ဝါဒကို အလွန်အကျွံသက်ဝင်ယုံကြည်ရာကနေ စနစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို စတင်ခံစားလာရတယ်။၁၉၄၆ မတ်လ မှာ ကွန်မြူ နစ်ဝါဒရဲ့လမ်းစဉ်အတိုင်း ပစ္စည်းမဲ့တော်လှန်ရေးလုပ်ပါတော့တယ်။မြေပိုင်ရှင်သူဌေးတွေကို ဖောက်ပြန်ရေးသမားတွေအဖြစ်စွပ်စွဲသတ်မှတ်ကာ သတ်ဖြတ်ပစ်ကြပြီး လယ်ယာမြေပိုင်ဆိုင်မှု့ ကို မရှိဆင်းရဲသားတွေကိုခွဲဝေပေးတယ်။သွေးကြွနေတဲ့လူထုကို အဆင်းဘီးတပ်ပေးသလိုဖြစ်ခဲ့ပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ချမ်းသာသူမှန်သမျှအလွတ်မပေးတော့ဘဲ လူသတ်ပွဲတွေလုပ်လာပါတော့တယ်။စရင်းဇယားတွေအရ အဲ့ဒီခေတ်ကမြောက်ကိုးရီးယား၎သိန်းကျော် တောင်ကိုးရီးယား ကို လာရောက်ခိုလှုံခဲ့ကြတယ်။စစ်တပ်ဟာလည်း ရုရှားရဲ့ထောက်ပံ့မှု့ နဲ့ အင်အားအလွန်အကျွံကောင်းလာသလို တင့်ကားတွေပါပိုင်ဆိုင်လာခဲ့တယ်။တရုတ်ကွန်မြူနစ်ပါတီကို တော်လှန်ရေးကာလမှာ တရူတ်ဘက်က ကူတိုက်ပေးခဲ့တဲ့အတွက် တရူတ်ကလည်း မြောက်ကိုးရီးယားဘက်မှာအမြဲအသင့်ရှိကြောင်းကြေငြာခဲ့တယ်။၁၉၄၈ မှာ ရုရှားတပ်နီတော်ဟာ မြောက်ကိုးရီးယား နယ်ထဲကနေ လုံးဝတပ်ခေါက်ကာ အိမ်ပြန်ခဲ့ကြချိန်မှာတော့ ကင်မ်အီဆွန်းဟာ မြောက်ကို၇ီးယား ရဲ့ သက်ဦးဆံပိုင်ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတော့တယ်။
ခွဲလိုက်ပြီးတဲ့နောက် တောင်ကိုးရီးယား မှာလည်း အလူးအလဲပါ။လူထုဟာ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်တာမို့ လက်ရှိဒီမိုကရေစ်ီအစိုးရနဲ့ အမေရိကန်တွေကိုပါမကျေနပ်ကြဘူး။အဲလိုနဲ့ ပြည်တွင်းစစ်တောင်ကိုးရီးယားထဲမှာဖြစ်တော့မဲ့အခြေနေဖြစ်လာတာမို့ အမေရိကန်တွေဟာ United State Army Military Government in Korea(USAMGIK) စစ်အုပ်ချုပ်ရေးနဲ့ဖိထားရတယ်။အမေရိကန်ကတော့ သူနဲပလဲနံသင့်တဲ့ ဆန်မန်ဟီး ကို ခေါင်းဆောင်တင်လိုက်ပါတယ်။ဆန်မန်ဟီးဟာ အမေရိကန်ကျောထောက်နောက်ခံနဲ့ ကွန်မြူနစ်သုတ်သင်ဖို့ လုပ်လာပါတယ်။
၁၉၄၅ဒီဇင်ဘာမှာ ပြည်သူ့ကော်မတီကို ကွန်မြူ နစ်အဖြစ်သတ်မှတ်ကာ မတရားအသင်းကြေငြာပြီး ဖမ်းဆီးထောင်ချရုံသာမက သတ်ဖြတ်မှု့ တွေကိုပါ လုပ်လာခဲ့တယ်။ပြည်တွင်းက ဆန္ဒပြမှု့ တိုင်းကို ကွန်မြူ နစ်တံဆိပ်ကပ်ခါ ရက်ရက်စက်စက်နှိမ်နင်းတယ်။၁၉၄၈ မှာ အမေရိကန်ထောက်လှမ်းရေးရဲ့သတင်းပေးချက်အရ ဂျီဂျူးကျွန်းကို ကွန်မြူ.နစ်တွေရဲ့မြေပေါ်ဌာနချုပ်ဆိုပြီး နှိမ်နင်းဖို့တပ်တွေကိုစေလွတ်ခဲ့တယ်။ကျွန်းသားအားလုံးဟာလည်းကွန်မြူ နစ်လိုလားသူတွေဖြစ်ပါတယ်။စစ်တပ်နဲ့စေလွတ်ပြီးရက်စက်စွာ နှိမ်နင်းခဲ့တာကြောင့် ကျွန်းသားထောင်ချီသေဆုံးပြီး အိမ်ခြေရ၀ခန့် မီးရှို့ဖျက်ဆီးခံရတယ်။
၁၉၄၈ သြဂုတ်လမှာတော့ အမေရိကန်တွေပြန်သွားပြီးတဲ့နောက်မှာ ဆန်မန်ဟီးဟာ တောင်ကိုး၇ီးယားရဲ့ပထမဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။အောက်တိုဘာလမှာ တောင်ကိုးရီးယား တပ်မတော်ရဲ့တပ်ရင်းအချို့ ကွန်မြူ နစ်တွေအဖြစ်တောခို သွားကြပြီး အင်အား၃၀၀၀နဲ့ ၇ိုဆူးမြို့ကို ပြန်သိမ်းပိုက်ခါ အစိုးရကိုစိန်ခေါ်ခဲ့တယ်။ဆန်မန်ဟီးဟာ တပ်နဲ့ဝင်စီးပြီးကွန်မြူ နစ်တွေကို ရှင်းပစ်ခဲ့လို့ ကွန်မြူနစ်၂၀၀၀ကျော်အသတ်ခံရပြီး အများအပြားအဖမ်းခံရပါတယ်။
အကြမ်းဖက်မှု့ တိုင်းကိုအစိုးရတပ်နဲ့ချည်းဖြေရှင်းနေတာမို့ ကြာရင်အစိုးရနာမည်ပျက်မှာကိုရိပ်စားမိလာတဲ့အတွက် ဆန်မန်ဟီးဟာ ၁၉၄၉ မှာ ဘိုဒိုအဖွဲ့လို့အမည်ပေးထားတဲ့ အရပ်သားစွမ်းအားရှင်အဖွဲ့ကို ဖွဲ့စည်းစေပြီး ကွန်မြူ နစ်တွေကို ၇က်ရက်စက်စက်နှိမ်နင်းစေခဲ့တယ်။ဘိုဒိုအဖွဲ့ဟာ တောင်ကိုး၇ီးယား တစ်နိုင်ငံလုံးမှာရှိတဲ့ကွန်မြူ နစ်တွေကိုဥပဒေမဲ့သတ်ဖြတ်ပစ်တာကြောင့် လူ၂သိန်းခန့်အသက်ဆုံးရှုံးခဲ့ရတယ်။ထင်ရှားတဲ့ဥပမာ တစ်ခုကတော့ ၁၉၄၉ဒီဇင်ဘာ၂၄ရက်နေ့က မြောက်ဂျောင်ဆန်ခရိုင်  မန်ဂျောင်မြို့လေးမှာ ဘိုဒိုအဖွဲ့ဝင်တွေနဲ့ တောင်ကိုးရီးယားတပ်မတော်က အမှတ်၃တပ်ရင်း အမှတ်၂၅တပ်ရင်းနဲ့ အမှတ်၅တပ်မ တို့ဟာ လက်ဝဲ၀ါဒထောက်ခံသူကွန်မြူ နစ်တွေနဲ့မိသားစုဝင်တွေကိုသတ်ဖြတ်ပစ်တာကြောင့် ကလေး၃၂ယောက်အပါဝင် လက်နက်ပြည်သူ ၈၈ယောက်အသတ်ခံလိုက်ရပါတယ်။
အဲ့ဒီကနေ အစပြုလာတဲ့ ကိုယ်ရီးယား၂နိုင်ငံဟာ စစ်ဖြစ်လာဖို့အကြောင်းများတဖြည်းဖြည်းဖန်လာနေခဲ့ပြီဆိုတာ အဲ့ဒီအချိန်ထိဘယ်သူမှမသိသေးဘူး။ကိုးရီးယား၂ခြမ်းကွဲစကတည်းက ကိုးရီးယား ပြည်သူတွေဟာ တနေ့ကျရင် တစ်ခုတည်းသော ကိုးရီးယား နိုင်ငံအဖြစ်ပြန်လည်ပေါင်းစည်းဖို့ ကြံစည်နေခဲ့ကြတယ်။နိုင်ငံတကာကလည်းအဲ့လိုပဲမျှော်လင့်ခဲ့ကြပေမဲ့  ၀ါဒခြင်းမတူတာရယ် ၀ါဒမတူ ၇န်သူလို့သတ်မှတ်တာရယ် လူသတ်ပွဲတွေလုပ်နေတာရယ်ကြောင့် ၂နိုင်ငံဆက်ဆံရေးဟာတဖြည်ဖြည်းဝေးကွာလာပြီး ကျနော်ရှေ့မှာတင်ပြခဲ့တဲ့ လူသတ်စစ်ပွဲကြီးတွေဆီကို ဦးတည်သွားစေခဲ့ပါတော့တယ်။
ဘော်ဒါတချို့၏ တောင်းဆိုမှု့ ကြောင့် စစ်ပွဲစတင်ရခြင်းအကြောင်းတရားကိုဆက်လက်ရေးသားလိုက်ရတာပါ။ခုလောက်ဆိုရင် ကိုးရီးယားစစ်ပွဲကို ခြုံငုံမိမယ်လို့ ထင်မိပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကီုရီးယားစစ်ပွဲ ...၆
~~~~~~~~~~
အမေရိကန်တွေရဲ့ ခရစ်စမတ်အိမ်ပြန်အစီစဉ်ဟာ မအောင်မြင်ခဲ့လို့ တရုတ်တပ်တွေဟာ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ နှစ်သစ်ကူးထိုးစစ်ကို ကြေငြာပါတယ်။နှစ်သစ်ကူးထိုးစစ်ဆိုတဲ့အတိုင်း၁၉၅၁အစ တရုတ်နှစ်သစ်ကူးပွဲတော်နဲ့အတူ တရုတ်တွေရဲ့ တောင်ကိုးရီးယား ထိုးစစ်ကိုစတင်လာပါတော့တယ်။မြောက်ကိုးရီးယားကနေ တောက်လျှောက်ချီတက်လာတဲ့ တရုတ်တပ်တွေဟာ ၁၉၅၀ခုနှစ်အကုန်မှာ ၃၈မျဉ်းပြိုင်နယ်ခြားမျဉ်းကို နေရာယူပြီးသွားပြီဖြစ်တယ်။အဲ့နောက် တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဌ မော်စီတုံးဟာ နယ်စပ်မျဉ်းကိုကျော်ပြီး အမေရိကန်တွေကိုဆုံးမဖို့. တိုက်မိန့်ပေးလိုက်ပါတယ်။အမိန့်ရတာနဲ့ မြောက်ကိုးရီးယားတပ်မနဲ့အတူ တရုတ် အမှတ်၃၉ ၄၀ ၅၅ တပ်မကြီးတွေဟာ နယ်စပ်မျဉ်းကိုတပြိုင်နက်ဖြတ်ကျော်လာသလို တရုတ်အမှတ်၄၂ နဲ့ ၆၆ တပ်မတွေကလည်း နောက်ရန်တပ်တွေအဖြစ်လိုက်ပါလာတယ်။တောင်ကိုးရီးယားတပ်တွေဟာ နယ်စပ်စည်းတစ်လျှောက်ခံစစ်ယူထားပြီး အတားအဆီးမိုင်းကွင်းတွေချထားပေမဲ့ တရုတ်တပ်တွေဟာ လျင်လျင်မြန်မြန်ပဲချီတက်လာကြတယ်။အမေရိကန်လေတပ်က ဗုံးတွေတောက်လျှောက်ကြဲနေပေမဲ့ ၃ရက်၎ရက် အတွင်းမှာပဲ နယ်စပ်ခံစစ်စည်းကျိုးပေါက်သွားခဲ့ရပါတော့တယ်။
တောင်ကိုး၇ီးယား တပ်တွေဟာတပ်ဆုတ်ပြီး မြင့်မားတဲ့ တောင်းကုန်းလေးတွေပေါ်မှာခံစစ်ယူထားပြန်တယ်။ဒီဇင်ဘာ၃၁ရက်နေ့ည မှာတော့ တရူတ်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်သလို မြေပြင်ထိုးစစ်ကိုပါ ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် ဆုတ်ပြေးနေရပြီး အမေရိကန်အမှတ်၉ စစ်မြေပြင်အမြောက်တပ်ရင်းဟာ တစ်စစီချေမှုန်းခံလိုက်ရပါတော့တယ်။တရုတ်တပ်တွေဟာမိုင်ကွင်းတွေကို အသေခံဖြတ်လာတဲ့အတွက် အမေရိကန်ခြေလျင်တပ်ရင်းတွေဟာ တောင်ဘက်ကိုဆုတ်ခွာရပါတော့တယ်။တောင်ကီုးရီးယားတပ်တွေကလည်းကွပ်ကဲလို့မရလောက်အောင်တပ်ပျက်နေပြီး ခံတပ်တွေလည်းတစ်ခုပြီးတစ်ခုကျနေပါတယ်။နှင်းတွေကလည်း ဆက်တိုက်ဆိုသလို ကျဆင်းနေတာကြောင့် ဘန်ကာတွေ ထောက်ပံ့ရေးလမ်းကြောင်းတွေအားလုံးပိတ်ကုန်ပါတယ်။တစ်ခါ တောင်ကိုးရီးယား တပ်ထဲက ကွန်မြုနစ်တွေဟာ မြောက်ကိုးရီးယားတွေထံမှာ လက်နက်ချလိုက်ကြပြန်ပါတယ်။အဲ့လိုနဲ့တရုတ်တွေဟာ ဆိုးလ်မြို့တော်နားကိုရောက်ရှိလာပြီး မြို့ကိုပတ်ဝိုင်းပါတော့တယ်။မြို့ရဲ့ဝင်ပေါက်ထွက်ပေါက်ဟူသမျှကို ပိတ်ဆို့လိုက်ပါတယ်။မြို့ထဲမှာရှိနေတဲ့ အမေရိကန်အမှတ်၂၅တပ်မ၊ဗြိတိသျှအမှတ်၂၉တပ်မဟာ၊သြစတေးလျခြေလျင်တပ်ရင်း နဲ့ တောင်ကိုးရီးယား တပ်ဖွဲ့တွေကခံစစ်ပြင်ထားကြတယ်။
ဇန်န၀ါရီ ၃ရက်နေ့ မနက်မှာတော့ ဆိုးလ်းမှာရှိတဲ့ အမေရိကန်ခံတပ်တွေကို အင်အားကြီးမားလှတဲ့လူလှိုင်းစစ်ဆင်ရေးဟာ.၀င်ဆောင့်ပါတော့တယ်။အသေခံပြေးတက်လာတဲ့လူလှိုင်းတွေဟာ အမေရိကန်တွေနဲ့လက်တစ်ကမ်းအလိုကိုရောက်လာပါတယ်။ခရာတွေမှုတ်ပြီး ကျားတက်ထိုးနေတဲ့တရုတ်တွေဟာ စက်သတ်နတ်တွေမှန်နေတဲ့ကြားက ခံစစ်စည်းနားကို သွေးသံရဲရဲနဲ့ပြေးတက်လာပြီး လက်ပစ်ဗုံးတွေနဲ့ပစ်တာကြောင့် အမေရိကန်တွေအလန့်တကြားဆုတ်ပြေးနေရပါတော့တယ်။အဲ့ညမှာဘဲ အမေရိကန်တွေမြို့ထဲကနေ ဆုတ်ခွာရပါတော့တယ်။အမေရိကန်တွေဆုတ်နေချိန်မှာ ဗြိတိသျှတပ်ရင်းဟာမြို့ထဲမှာ ကျန်နေပါတယ်။သူတို့နေရာကို တရုတ်တပ်မက ကျားတက်ထိုးလာတာကြောင့် အင်္ဂလိပ်တွေဟာ တရုတ်တွေကျားထိုးရာလမ်းကြောင်းကို စက်သေနတ်တွေနဲ့ပစ်ပြီးထိန်းထားသလို အနောက်က စိန်ပြောင်ပစ်ကူနေတာကြောင့် တရုတ်တွေအကြိမ်ကြိမ်လန်ကျနေပါတော့တယ်။သို့သော်လည်းပဲတရုတ်တွေဟာလက်မလျှော့ဘဲ လက်ပစ်ဗုံးအစည်းလိုက်ကိုင်ကာ တင့်ကားအောက်တွေကိုပြေးဝင်လာပြီးအသေခံဗုံးခွဲတာကို အင်္ဂလိပ်တွေအံ့သြသင့်နေကြတယ်။
အမေရိကန်တွေဆုတ်ခွာချိန်မှာ အင်္ဂလိပ်တွေကိုကယ်ဖို့ အမေရိကန်ခြေလျင်တပ်ရင်း ၂၇ ကို စစ်ကူလွှတ်လိုက်ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် အင်္ဂလိပ်တပ်ရင်းဟာ တရုတ်တွေဆီမှာ လက်နက်ချလိုက်ရပါတော့တယ်။ဇန်န၀ါရီ၎ရက်နေ့မှာတော့ မြောက်ကိုးရီးယား အမှတ်၁တပ်မကြီး၊အမှတ်၃၈ အမှတ်၅၀ တပ်မကြီးတွေဟာ ဆိုလ်းမြို့ကို သိမ်းပိုက်လိုက်ပါတော့တယ်။နေ့လည်၁နာရီမှာ ဆိုလ်းမြို့တော်ခမ်းမမှာ မြောက်ကိုးရီးယား အလံကို လွှင့်ထူပြီး နှစ်သစ်ကူးထိုးစစ်အောင်မြင်ကြောင်းကြေငြာပါတယ်။ဒီတိုက်ပွဲကတော့ ဆိုလ်းမြို့ရဲ့ ၃ကြိမ်မြောက်တိုက်ပွဲဖြစ်ပြီး မြို့ဟာလည်းပြာပုံအတိဖြစ်ခဲ့ရတယ်။တိုက်ပွဲမှာ အမေရိကန်တပ်ရင်း ၈ရင်း၊တောင်ကိုးရီးယားတပ်ရင်း ၊သြစတေလျတပ်ရင်း ထိုင်းဘုရင့်တပ်နဲ့ စုစုပေါင်းအင်အားဟာ ၁သိန်းခွဲကျော် ပါဝင်ပြီး မြောက်ကိုးရီးယား နဲ့တရူတ်ဘက်က အင်အား၁သိန်၇သောင်းကျော်ပါဝင်ပါတယ်။ဆိုလ်းမြို့တိုက်ပွဲအပြီးမှာတော့တရုတ်တွေဟာ အတော်စစ်ပမ်းနေပြီဖြစ်တယ်။ထောက်ပံ့ရေးလမ်းကြောင်းတွေဟာ နေ့စဉ်နဲ့အမျှဗုံးကြဲခံနေရတာကြောင့် လက်နက်ခဲယမ်းတွေ ရိက္ခာတွေပြတ်လပ်လို့နေပါတယ်။အမေရိကန်တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးဝေါကာ ဟာ ကားမှောက်သေဆုံးသွားတဲ့အတွက် ဗိုလ်ချုပ်မက်အာသာ ဟာ ဗိုလ်ချုပ်ကြီးမက်သရူးရစ်ဝေး ကိုအစားထိုးခန့်အပ်ခဲ့ပါတယ်။
ဆိုလ်းတိုက်ပွဲအပြီးမှာတော့ နှစ်ဖက်တပ်တွေဟာ အတော့်ကိုစစ်ပမ်းနေကြတဲ့အတွက် ဘယ်သူမှဆက်မတိုက်ဘဲဆိုင်ထားတဲ့အနေထားမှာ ဖြစ်နေခဲ့တယ်။စစ်မရှုံးဖူးတဲ့ဗိုလ်ချုပ်ကြီမက်အာသာဟာ သူတပ်တွေဆုတ်ခွာလာရတဲ့အတွက် နိုင်ငံတကာအလယ်မှာ အရှက်ရစရာဖြစ်နေပြီး သမ္မတနဲ့ကွန်ကရက်ရဲ့ သဘောတူညီမှု့ ကိုမယူတော့ဘဲ အနုမြူ ဗုံးထုတ်သုံးဖို့အထိ စဉ်းစားလာပါတော့တယ်။တရုတ်တပ်တွေဟာ ဆိုးလ်မြို့ကိုသိမ်းပိုက်တဲ့အခါမှာ တောင်ကိုးရီးယား မှာရှိတဲ့ကွန်မြူ နစ်အမာခံတွေထကြွလာတာကြောင့် တောင်ကိုးရီးယား တပ်တွေကလည်းသူ့နယ်ထဲမှာ ကွန်မြူ နစ်သတ်ပွဲတွေလုပ်လာကြပြန်ပါတယ်။ဖေဖေါဝါရီ၁၀ရက်နေ့မှာ တောင်ကိုး၇ီးယား တပ်မ ဟာ ဆန်ချွန် နဲ့ ဟမ်ယန်မှာရှိတဲ့ကွန်မြူ နစ်အမာခံ ၇၀၅ယောက်ကိုသတ်ဖြတ်ပစ်ခဲ့ပြီး အများစုက မိန်းမနဲ့ကလေးတွေပါ။အဲ့ထဲမှာ ကလေး၃၀၈ယောက်ပါခဲ့ပါတယ်။
နှစ်သစ်ကူးထိုးစစ်အပြီး တရုတ်တပ်တွေ အင်အားဖြည့်တင်းနေချိန်မှာ အမေရိကန်တပ်မတော်ဟာ တန်ပြန်စစ်ဆင်ရေးတွေဆင်နွဲပါတယ်။သို့သော်တရုတ်တပ်တွေအသေခံခုခံတာကြောင့် အမေရိကန်တွေနောက်ပြန်ဆုတ်ပေးခဲ့၇တယ်။သင်ခန်းစာတွေရထားတဲ့ ဗိုလ်ချုပ်မက်သရူးရစ်ဝေးဟာ အ၇င်လိုနည်းနည်းနဲကျဲကျဲဝိုင်းတဲ့နည်းဗျူ ဟာကိုမသုံးတော့ဘဲ လူများများစုထားပြီးပစ်အားများလာအောင် ဖန်းတီခဲ့တယ်။ရစ်ဝေးရဲ့နည်းဗျူ ဟာ မှန်ကန်ခဲ့တယ်။နောက်ပိုင်းမှာ လူအင်အားနဲ့တက်လုံးတဲ့တရုတ်တွေဟာ အမေရိကန်စခန်းတွေကိုမရတော့ဘဲ အကြိမ်ကြိမ်လန်ကျပါတော့တယ်။အမေ၇ိကန်တပ်မ နဲ့ ပြင်သစ်တပ်စုစုပေါင်း ၅၆၀၀ကို တပ်စခန်းထဲမှာ စုထားတဲ့အတွက် အင်အားနဲ့တက်လုံးတဲ့တရုတ်တပ်မကြီးတစ်ခုလုံး ပြုတ်သွားခဲ့ပြီး အလောင်း၂၅၀၀၀ကျော်ဟာ အမေရိကန်ခံစစ်ရှေ့လက်တစ်ကမ်းအကွာ သတ်ကွင်းထဲမှာ ပြန့်ကျဲလို့နေပါတော့တယ် ဗျာ။
ဖေဖေါ်ဝါရီ၁၃ရက်နေ့မှာ အမေရိကန်ခြေလျင်တပ်ရင်း၂၃ဟာ ချီပြောင်နီရွာမှာ စခန်းချခံစစ်ပြင်ထားတယ်။အဲ့ည မှာပဲ တရုတ်တပ်တွေဝိုင်းတိုက်ပါတယ်။လူလှိုင်းတွေနဲ့တိုက်စစ်ဖော်ပေမဲ့ မနက်ဝေလီဝေလင်းမှာတော့ပြန်လည်ဆုတ်ခွာသွားပါတော့တယ်။အမေရိကန်တပ်ရင်းဟာ လူ၂၄ယောက်ကျပြီးတပ်ရင်းမှူးကိုယ်တိုင်ခြေထောက် ဗုံးစထိမှန်ခဲ့ရတယ်။ညနေ မှောင်စပျိုးလာတဲ့အချိန်မှာတော့ မနေ့ကလိုပဲ လူလှိုင်းတွေတောက်လျှောက်တက်လာသလို လက်ပစ်ဗုံး တွေ လှံစွပ်ထိုးလက်တစ်ကမ်းတိုက်ပွဲတွေ ဖြစ်နေပါတယ်။မနက်မိုးလင်းတာနဲ့တရုတ်ထိုးစစ်လည်းရပ်တန့်သွားပါတယ်။နေ့လယ် ၂နာရီမှာ အမေရိကန်လေတပ်က တရုတ်တပ်တွေအပေါ်ကို မီးလောင်ဗုံးတွေကြဲချလိုက်သလို စစ်ကူတပ်ရင်းတစ်ခုရောက်လာတာမို့တရုတ်တွေဆုတ်ခွာသွားပါတော့တယ်။
အဲ့ဒီတိုက်ပွဲဟာ အမေရိကန်တပ်မတော်အတွက် ဂုဏ်ယူစရာတိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး အမေရိကန်စစ်တက္ကသိုလ်တွေမှာ တင်ရင်းအဆင့် ခံစစ်လေ့ကျင့်ခန်းအတွက် စံနမူနာတိုက်ပွဲအဖြစ် ယနေ့တိုင်သင်ကြားနေဆဲပါ။တိုက်ပွဲအတွင်း တရုတ်တွေပစ်လိုက်တဲ့ လက်ပစ်ဗုံးပေါ်မှောက်ချပြီး မိမိတပ်စုကိုအသက်စွန့်ကာကွယ်ခဲ့တဲ့ တပ်ကြပ်ကြီး ၀ီလီယံစစ်မန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ Medal of Honor ဆုတံဆိပ်ကို ချီးမြင့်ခံရပြီး ခြေလျင်တပ်ရင်း၂၃တစ်ခုလုံး စစ်ဦးစီးချုပ်ရဲ့ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံခဲ့ရတယ်။
မတ်လ၆ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စုကနေ စစ်ကူရောက်လာတဲ့ အမှတ်၁ အမှတ်၉ နဲ့ အမှတ်၁၀ တပ်မကြီးတွေဟာ တောင်ကိုး၇ီးယား အမှတ်၃တပ်မကြီးနဲ့အတူ ဆိုလ်းမြို့ကို ၀ိုင်းတိုက်ပါတော့တယ်။မတ်လ ၁၄ရက်နေ့မှာတော့ ဆိုလ်းမြို့ကို ပြန်လည်ရရှိခဲ့ပါတယ်။ဒီတိုက်ပွဲဟာ ဆိုလ်းမြို့ရဲ့၎ကြိမ်မြောက်တိုက်ပွဲဖြစ်ပြီး စစ်မဖြစ်ခင်ကနေထိုင်တဲ့မြို့နေလူထု တစ်သန်းကျော်ဟာလည်း စစ်ပြေးဒုက္ခသည်တွေအဖြစ်ထွက်ပြေးနေကြရတယ်။မြို့ကိုမတိုက်ခင် အမေရိကန်လေတပ်ဟာ တမြို့လုံးကို ပြာပုံအတိဖြစ်အောင်ဗုံးကြဲထားတဲ့အတွက် မြို့ကို လွယ်လွယ်နဲ့ပြန်ရတာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကိုရီးယား စစ်ပွဲ ဇတ်သိမ်းပိုင်း
~~~~~~~~~~~~~~~
အမေရိကန်တွေ ဆိုလ်းမြို့ကိုပြန်၇ပြီးတဲ့နောက်မှာတော့ တရုတ်တပ်တွေဟာ ဦးတည်ရာမဲ့နေပါတော့တယ်။အစားအစာပြတ်လပ်နေသလို လက်နက်ခဲယမ်းကလည်း ကုန်သလောက်ဖြစ်သွားပြီး။ကုသစရာဆေးဝါးမရှိတာမို့ ဒဏ်ရာရသူတွေဟာ မသေသင့်ဘဲ တဖြုတ်ဖြုတ်သေနေကြပါတော့တယ်။အစည်းအဝေးတစ်ခုမှာ တပည့်တွေကို ငကြောက်တွေလို့ အော်ဟစ်ငေါက်ငမ်းနေတဲ့ စစ်ဦးစီးချုပ်ကို လက်အောက်ခံဗိုလ်ချုပ်တစ်ယောက်က
**ကျုပ်တို့စစ်သားတွေကြောက်နေတာ ရနွသူမဟုတ်ဘူးဗျ
စားစရာမရှိမှာ ပစ်စရာမရှိမှာ ဒဏ်ရာရရင်ပြန်လို့မရမှာ **
လို့ အခြေတင်ပြန်ပြောတဲ့အထိဖြစ်လာတယ်။ဒီအတိုင်းဆက်သွားရင်အကုန်လုံးသေကုန်မှာသိလို့ မော်စီတုံးဟာ စတာလင်ဆီ ကြေးနန်းရိုက်ပြီး အကူညီတောင်းပါတော့တယ်။စတာလင်က လေကြောင်းတပ်မ၂ခု၊လေကြောင်းရန်ကာကွယ်ရေးတပ်မ၃ခု နဲ့ ထောက်ပံ့ရေးယာဉ်အစီး၆၀၀၀ကျော်ကို ပို့ပေးပါ့မယ်လို့ နှုတ်ကတိပေးခဲ့တယ်။
အမေရိကန်မှာလည်း ဗိုလ်ချုပ်ကြီး ဒေါက်ဂလက်စ် မက်အာသာ ဟာ ခွင့်ပြုချက်မရဘဲ အနုမြူ ဗုံးသုံးတော့မှာကို ကွန်ကရက်က သိသွားတဲ့အတွက် အရေးပေါ်ပြန်လည်ခေါ်ယူပြီး စစ်ဆေးရေးဝင်ပါတော့တယ်။သမ္မတနဲ့ကွန်ကရက်ရဲ့ခွင့်ပြုချက်မရဘဲ ၃၈မျဉ်းပြိုင်ကိုကျော်ခဲ့တာ၊ကိုရီးယားစစ်မြေပြင်ကို တခါမှ ကိုယ်တိုင်သွားမကြည့်ဘဲ ကျည်လွတ်မြေ ဂျပန်နိုင်ငံတိုကျိုမြို့ကနေပဲ စစ်ပွဲကို ကွက်ကဲနေတာအပါအ၀င် အခြားစွဲချက်ပေါင်းများစွာနဲ့ရင်ဆိုင်နေရပါတော့တယ်။မက်အာသာ ဟာ အဲ့ဒီစွဲချက်တွေအားလုံးအတွက် ဘာပဲဖြစ်ဖြစ်စစ်နိုင်င်ဖို့သာအဓိကကျတယ်လို့ ပြန်ဖြေခဲ့တယ်။ ဒီနေရာကျနော်တို့အနေနဲ့ အနည်းငယ်သုံးသပ်ဖို့လိုလာတယ်။ကိုး၇ီးယားစစ်ပွဲဘာကြောင့်ဖြစ်တာလဲ?
အဲ့မေးခွန်းရဲ့ အဖြေကို အားလုံးသိပါတယ်။စနစ်.၀ါဒတွေရဲ့အားပြိုင်မှု့ ဆိုတာ။ဒီတော့ စနစ်ကို ၀ါဒကို ပံ့ပိုးဖို့အတွက် စစ်ဖြစ်ကြတာရှင်းနေပါတယ်။အမေရိကန်ဟာလည်း ကိုးရီးယားမြေပေါ်မှာ သူ့ဝါဒနဲ့သူ့စနစ်ကိုရှင်သန်ကြီးထွားစေချင်သလို ရုရှားနဲ့တရုတ်ကလည်း ကိုးရီးယားမြေပေါ်မှာ သူတို့ရဲ့ကွန်မြူနစ်ဇင် ကို ရှင်သန်ထွားကျိုင်စေချင်ကြတယ်။အဲ့ဒီဝါဒရေးရာ အားပြိုင်မှု့ ကို စစ်နဲ့ support လုပ်ခဲ့တာပါပဲ။
သို့သော် စစ်တိုက်တဲ့နေရာမှာ စစ်ရေးအမြင်ကလွဲပြီး နိုင်ငံရေးအမြင်နဲ့တိုက်လို့မရပါဘူး။တိုက်ပွဲတစ်ခုရဲ့အဖြေဟာအရှုံးအနိုင်ပါ။ဆိုတော့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဒေါက်ဂလက်စ်မက်အာသာ ကို အပြစ်ကင်းတယ်မပြောချင်သလို အပြစ်ရှိတယ်ပြောဖို့လည်းကျနော်အနေနဲ့ခက်ခဲနေပါတယ်။နောက်တစ်ချက်က အနုမြူ ဗုံးကို သမ္မတနဲ့ ကွန်ကရက်ကို အသိမပေးဘဲသုံးဖို့အထိ တာစူလာတဲ့ မက်အာသာရဲ့ ပါဝါကိုလည်းထဲ့တွက်ရမယ်ထင်ပါတယ်။နိုင်ငံေ၇းသမားတွေနဲ့ မူဝါဒရေးရာပုဂ္ဂိုလ်တွေရဲ့ ၀င်ရောက်စွက်ဖက်မှု့ ကိုလည်းသတိထားရမဲ့အပိုင်းမှာပါတယ်။ဒါကျနော့်ထင်ကြေးလေးပါ။စာဖတ်သူတွေလည်း မိမိသဘောပေါက်တဲ့ ကိုယ်ပိုင်အမြင်တွေရှိကြမှာပါ။မက်အာသာမရှိတော့တဲ့ ကာလမှာတော့ တပ်မဟာ ၈ တပ်မဟာ မှူး ဗိုလ်ချုပ်ကြီး ရစ်ဝေးကပဲ တောင်ကိုး၇ီးယား စစ်မြေပြင်ကို ကွက်ကဲနေပါတယ်။
ဒီလိုနဲ့နယ်စပ်မျဉ်းနားမှာတိုက်ပွဲကြီးငယ်တွေဆက်တိုက်ဖြစ်နေသလို နှစ်ဖက်စလုံးကလည်းပြင်ဆင်နေကြတယ်။အမေရိကန်လေကြောင်းချီတပ်ဖွဲ့တွေကလည်း မြောက်ကိုးရီးယား နယ်ထဲကို လေထီးတွေနဲ့ဆင်းကြသလို တရုတ်တွေကလည်း တောင်ကိုးရီးယား နယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကွန်မြူ နစ်အမာခံတွေအွဆက်သွယ်ပြုနေကြတယ်။၁၉၅၁ဧပြီမှာတော့ တရုတ်တပ်တွေဟာ ဆောင်းဦးပေါက်ထိုးစစ်ကြီးတစ်ခုကို တပ်မဟာ၃ခုနဲ့ စတင်လာခဲ့တယ်။ရုတ်တရက်အမေရိကန်တွေ အငိုက်မိသွားပါတယ်။ဧပြီ၂၂ရက်နေ့ညမှာ အင်ဂျင်းမြစ်အောက်ပိုင်းက အမေ၇ိကန်စခန်းတွေကို တရုတ်တပ်က ၀င်တိုက်ပါတော့တယ်။ဘယ်လဂျီယံတပ်ရင်းရဲ့ တပ်စခန်းတွေအရင်အဖျက်ခံရပြီး စခန်းတွေကျကုန်တယ်။ဧပြီ၂၃ရက်နေ့မှာတော့ ဂလော်စတာ တောင်ကုန်းကိုတရုတ်တပ်တွေဝိုင်းတိုက်ကြလို့ ဗြိတိသျှ ခြေလျင်တပ်ရင်း၂၉က ကာပစ်ပေးပြီး ကျန်တပ်တွေဆုတ်လို့ရအောင် လုပ်ပေးပေမဲ့ နောက်ဆုံးခြေလျင်တပ်ရင်း၂၉ကတော့ လုံးဝမဖောက်ထွက်နိုင်တော့ဘဲ ပိတ်မိကာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကရိုင်းအပါဝင် တပ်ရင်းတစ်ရင်းလုံး အဖမ်းခံလိုက်ရပါတော့တယ်။
အဲ့ဒီတိုက်ပွဲမှာ အင်္ဂလိပ်၁၄၁ယောက်ကျပြီး ၁၁၆၉ယောက်အဖမ်းခံရပါတယ်။အင်္ဂလိပ်တပ်ရဲ့သမိုင်းဝင်တိုက်ပွဲတစ်ခုအဖြစ်မှတ်တမ်းတင်ထားပြီး ကရိုင်းဟာ ဘုရင်မရဲ့ Victoria Cross ဆုတံဆိပ်ချီးမြှင့်ခံရပြီး အခြားစစ်သည်အရာရှိတွေကတော့ George Cross ၂ခု နဲ့ Military Cross ၄ခု ချီးမြှင့်ခံခဲ့ရတယ်။နှစ်စဉ်နှစ်တိုင်းအဲ့ဒီဂလော်စတာတောင်ကုန်းမှာအများအတွက်အသက်စွန့်သွားသူတွေအတွက် ဓနသဟာရနိုင်ငံများရဲ့ ဆုတောင်းပွဲလုပ်ပါတယ်။အဲ့ဒီမှာအတိုက်ခံနေရသလို ဧပြီ၂၃ ရက်နေ့မှာတော့ အမေ၇ိကန်တပ်စခန်းတွေအတိုက်ခံရြာတော့တယ်။ညတိုင်းတရုတ်တွေဟာ လူလှိုင်းစစ်ဆင်ေ၇းတွေလုပ်ပြီး လှံစွပ်ထိုးပွဲတွေ လက်ပစ်ဗုံး ပစ်ပွဲတွေဆက်တိုက်လုပ်လာပါတယ်။၂၄ရက်နေ့အထိ တနေကုန်ဆက်တိုက်ပစ်ခတ်နေကြလို့ အမေရိကန်တွေဆုတ်ရမဲ့အခြေနေထိရောက်လာပါတယ်။ဒါပေမဲ့ ၇ိက္ခာပြတ်လာတဲ့တရုတ်တွေကပဲ စတင်ဆုတ်ခွာသွားပါတော့တယ်။
အဲ့လိုနဲ့တရုတ်တွေရဲ့ ဆောင်းဦးပေါက်ထိုးစစ်မအောင်မြင်ခဲ့တဲ့နောက်မှာတော့ နှစ်ဖက်တပ်တွေဟာ အရင်လိုပြတ်ပြတ်သားသားအနိုင်ရတဲ့တိုက်ပွဲတွေမရှိတော့ဘဲ နယ်စပ်မျဉ်းပေါ်မှာ ဘတပြန် ကျားတပြန် ဖြစ်နေခဲ့တယ်။တရုတ်ဘက်ကလည်းပျောက်ကျားစနစ်ဖြစ်လာပြီး ထိုးစစ်ဆင်နိုင်တဲ့အင်အားမရှိတော့သလို အမေရိကန်တပ်တွေကတော့ ကွန်ကရက်ရဲ့အမိန့်မရတာမို့ နယ်ဝပ်မျဉ်းကိုမကျော်ဘဲ လက်ပိုက်ကြည့်နေပါတော့တယ်။၂နှစ်အတွင်းနယ်စပ်မျဉ်းပေါ်မှာတိုက်ပွဲကြီးငယ်ပေါင်းများစွာ ဖြစ်ခဲ့ပြီး အကျိုးအမြတ်လည်းမထွက်ခဲ့ပါဘူး။
၁၉၅၃ ဇူလိုင်လ ၁၃ရက်
တောင်ကိုးရီးယား အမှတ်၃ အမှတ်၅ အမှတ်၆ အမှတ်၈ တပ်မတွေနဲ့ အမေရိကန်အမှတ်၉ တပ်မကြီးပါဝင်တဲ့ အင်အားစုစုပေါင်း၈၅၀၀၀ နဲ့ တရုတ်အမှတ်၅၄ အမှတ်၆၀ အမှတ်၆၇ အမှတ်၆၈ အမှတ်၂၄ တပ်မကြီးတွေပါဝင်တဲ့ အင်အား ၂၁၀,၀၀၀ တို့ဟာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။တောင်ကိုးရီးယားစစ်သည် ၂၆၈၉ယောက်ကျဆုံးပြီး ၄၁၃၆ပျောက်ဆုံးသလို တရုတ်ဘက်ကလည်း သောင်းဂဏန်းချီကျဆုံးပြီး ၃၂၂၅၃ယောက်ဒဏ်ရာရပါတယ်။တချို့တိုက်ပွဲတွေမှာ တရုတ်က မဟာဗျူဟာ အရနိုင်ပေမဲ့ တိုက်ပွဲတိုင်းလိုလိုမှာအရေတွက် ခေါက်ချို့မက အသက်စွန့်နေရတယ်။ရိက္ခာပြတ်လပ်ပြီးသေတဲ့ဦးရေလည်းများပြားခဲ့တယ်။၁၉၅၂ဖေဖေါ်ဝါရီလ ၂၉၇က်နေ့ တရုတ်စစ်ကော်မရှင်အစည်းအဝေးမှာ လက်အောက်စစ်ဗိုလ်ချုပ်တစ်ယောက်က ၀န်ကြီးချုပ်ချူအင်လိုင်းမျက်နှာကို စေ့စေ့ကြည့်ပြီး
  ***ခင်ဗျား ကိုယ်တိုင်ရှေ့တန်းလိုက်သွား
        ရဲဘော်တွေဘာတွေစားပြီး ဘာတွေဝတ်နေရလည်းဆိုတာကို
       ခင်ဗျားမျက်စိနဲ့ခင်ဗျားမြင်အောင်ကြည့်
       ဒီကထိုင်ပြီး အကျဆုံးများတာကိုပဲ ပြောမနေနဲ့
        သူတို့အတွက် ကျုပ်တို့ဘာလုပ်ပေးနိုင်လို့လဲ
       လေယာဉ်မရှိဘူး သေနတ်လည်းနည်းတယ်
       ထောက်ပံ့ရေးယာဉ်တန်းတွေကမထွက်နိုင်ဘူး
       ရှေ့တန်းကလူတွေငတ်သေကုန်ပြီး
       ဒါကိုခင်ဗျား ဘယ်လိုရှင်းမလဲ***
လို့ အော်ဟစ်ပြောတဲ့အထိ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရတယ်။ချူ အအင်လိုင်းဟာ ဘာမှပြန်မပြောနိုင်ဘဲ အစည်းဝေးအပြင်ကို ထထွက်သွားခဲ့တယ်။
၁၉၅၃ ဇူလိုင်လထဲမှာတော့ အဖြေမထွက်တော့တဲ့စစ်ပွဲကြောင့် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရပါတော့တယ်။ပထမအကြိမ် ကေဆောင် မှာ ဆွေးနွေးပြီး ဒုတိယအကြိမ် ပန်မန်ဂျုံ မှာဆွေးနွေးပါတယ်။ပထမတော့ စစ်ပြေငြိမ်းဖို့မဟုတ်သေးဘဲ အကျဉ်းသားလဲလှယ်ဖို့ သာဖြစ်ခဲ့ပြီး နယ်စပ်မျဉ်းပေါ်မှာ တပ်တွေရှုပ်နေတဲ့အတွက် နှစ်ဖက်တပ်တွေအကုန်နောက်ကိုဆုတ်ဖို့ သဘောတူညီခဲ့ကြတယ်။ဒါကြောင့်နယ်စပ်မျဉ်းပေါ်မှာစစ်တပ်မထားဖို့ဆုံးဖြတ်လိုက်ကြပြီး စစ်မဲ့ဇုန် (Demilitarized Zone)ပေါ်ပေါက်လာပါတော့တယ်။အရှည်မိုင်၁၆၀ကျော်ရှိပြီး အကျယ်၂မိုင်ခဲရှိကာ လက်နက်ကိုင်တပ်တွေမ၀င်ရတဲ့နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။အဲ့ဒီဇုန်အပြင်ဘက်မှာတော့ နှစ်ဖက်တပ်တွေအသင့်အနေထားမှာရှိနေကြပြီး ယနေ့ထိတိုင်အဲ့ဒီနယ်မြေဟာ ကမ္ဘာပေါ်မှာ စစ်တပ်အများဆုံးဆိုင်ထားရာနေရာဖြစ်လို့နေပါသေးတယ်။
ဒီလိုနဲ့ စစ်စဖြစ်ပြီး ၃နှစ်၂လနဲ့ ၁ရက်အကြာ ၁၉၅၃ ဇူလိုင်လ၂၇ရက်နေ့မှာတော့ နှစ်နိုင်ငံအပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတော့တယ်။သို့သော် အပစ်ခတ်ရပ်စဲရေးစာချုပ်သာဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ် (Peace Treaty) မဟုတ်တဲ့အတွက် တောင်နဲ့မြောက် ကိုးရီးယား၂နိုင်ငံဟာ ယနေ့တိုင်စစ်ဖြစ်နေဆဲနိုင်ငံလို့ ပြောရင်လည်းရနိုင်ပါတယ်။
စစ်ကြီးပြီးတဲ့အခါမတော့ အမေရိကန်ဘက်ကစစ်သည် ၃၃၆၈၆ယောက်သေဆုံးပြီး ၂၈၃၀ယောက် ရောဂါဘယ အခြားဖြစ်စဉ်တွေကြောင့်သေဆုံးခဲ့ရကာ ၈၁၇၆ယောက်ပျောက်ဆုံးနေတယ်လို့ စရင်းထုတ်ပြန်သလို တောင်ကိုးရီးယားပြည်သူ ၃၇၃၅၉၉ ယောက် သေကြေပျက်စီးခဲ့ရပြီး တောင်ကိုးရီးယား စစ်သား ၁၃၇၈၉၉ ယောက် ကျဆုံးကြောင်း တောင်ကိုးရီးယား အစိုးရက စရင်းထုတ်ပြန်ပါတယ်။နိုင်ငံတကာ စစ်ရေးသုတေသီများကတော့ တရုတ်စစ်သား၎သိန်းကျော်ကျပြီး ၄သိန်း၈သောင်းကျော်ဒဏ်ရာရကာ မြောက်ကိုးရီးယားစစ်သား၂သိန်း၂သောင်းကျော်သေဆုံးပြီး ၃သိန်း၃ထောင်ကျော်ဒဏ်ရာရတယ်လို့ ခန့်မှန်းတွက်ချက်ကြပါတယ်။
တရုတ်အစိုးရထုတ်ပြန်ချက်အရ တရုတ်စစ်သား ၁၁၄၀၀၀ ခန့်ကျပြီး ၃၄၀၀၀၀ခန့် ဒဏ်ရာရပြီး ၇၆၀၀ယောက်ပျောက်ဆုံးကာ ၂၁၄၀၀ခန့်အဖမ်းခံရတယ်။မြောက်ကိုး၇ီးယားစစ်သား၂၉၀၀၀၀ကျော်ကျဆုံးပြီး ၉သောင်းကျော်အဖမ်းခံရကာ မြောက်ကိုးရီးယားပြည်သူ သန်းနဲ့ချီသေဆုံးခဲ့ပါတော့တယ်။စစ်အတွင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူများစွာ သေကြေကြသလို နှစ်ဖက်တပ်တွေရဲ့ လူမဆန်စွာသတ်ဖြတ်မှု့ တွေကြောင့် စစ်ရာဇ၀တ်မှု့ တွေ များစွာရှိခဲ့ပါတယ်။ရှေ့မှာလည်းကျနော်တင်ပြခဲ့ပြီးပါပြီး။
စစ်၏ ဆိုးကျိုးများ ၊လူ့အတ္တများနှင့် စနစ်တစ်ခုအတွက် ပေးဆပ်ခဲ့ရတဲ့ လူ့အသက်ပေါင်းများစွာဟာ စာဖတ်သူတို့သတိထားမိကြလောက်ပါတယ်။ခေတ်သစ်ကမ္ဘာဟာ စစ်ပွဲတွေနဲ့အစပြုခဲ့ပါတယ်။ရှေ့ဆက်မည်သို့သော် စစ်ပွဲများထပ်မံဖြစ်ပွားလာကြပြီး ဘယ်လောက်အတိုင်းအတာရှိလူ့အသက်များသေကြေကြဦးမည်ကိုတော့ အနာဂတ်ကမ္ဘာမှ ကြိုဆိုနေပါတော့သည်။
ကိုဆေးစာအုပ်မှ အများစုကိုကူးယူဖော်ပြသည်။
Credit.......Nay Zin Latt..​နေဇာ​အောင်
Comments
Popular posts from this blog
ဒေါက်​တာတင့်​​ဆွေ.Apk
အ​နော်​ရထာ
မြန်​မာရာဇဝင်​ သမိုင်းစာအုပ်​များ စုစည်းမှု